ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများညှိနှိုင်းပေါင်းစပ်ရေးကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် အဖွဲ့ဝင်များဖြစ်သည့် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့နှင့်အတူ ဖေဖော်ဝါရီလ ၇ ရက်မှ ၉ ရက်ထိ ရခိုင်ပြည်နယ်အတွင်းရှိ IDPs စခန်းများနှင့် ယာယီနေရပ်စွန့်ခွာစခန်းများအား သွားရောက်ပြီး တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့်သူများနှင့်စပ်လျဉ်း၍ လဝကလုပ်ငန်းစဉ်များ၊ IDPs စခန်းများနှင့် ယာယီနေရပ်စွန့်ခွာစခန်းများသို့ ရောက်ရှိနေသူများ၏ နေထိုင်စားသောက်မှုနှင့် ကျန်းမာရေးဆောင်ရွက်ပေးမှုအခြေအနေများအား စစ်ဆေးကြည့်ရှုခဲ့ပါသည်-
- ဖေဖော်ဝါရီလ ၇ ရက်တွင် တောင်ပြိုလက်ဝဲပြန်လည်လက်ခံရေးစခန်း၊ ရှင်းလင်းဆောင်သို့ သွားရောက်၍ အိမ်ထောင်စုစာရင်းရေးသွင်းမှတ်သားခြင်း၊ Bio Metric Data ရယူ၍ e-ID ဖြည့်သွင်းခြင်း၊ NVC ကတ်ထုတ်ပေးခြင်း၊ ကိုဗစ်စစ်ဆေးခြင်း အပါအဝင် ကျန်းမာရေးဆိုင်ရာဆောင်ရွက်မည့်အခြေအနေများနှင့် စခန်းအတွင်း ယာယီလက်ခံထားရှိရေးအတွက် ပြင်ဆင်ထားရှိမှုလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားခဲ့။
- ဖေဖော်ဝါရီလ ၇ ရက်တွင် မောင်တောမြို့လှဖိုးခေါင်ယာယီကြားစခန်းသို့ ရောက်ရှိခဲ့ပြီး ပြန်လည်ဝင်ရောက်လာသူများအား သတ်မှတ်အချိန်ကာလအတွင်း ယာယီကြားစခန်း၌ စနစ်တကျထားရှိနိုင်ရေး၊ ကျန်းမာရေး၊ ရေ၊ မီး၊ မိလ္လာလုပ်ငန်းများကို ပြည့်စုံအောင် ဆောင်ရွက်ထားရှိရေး၊ ဆက်လက်တပ်ဆင်နေသည့် အသင့်နေထိုင်နိုင်သော နေအိမ်များကို အချိန်မီပြီးစီးအောင် တပ်ဆင်သွားရန် အမြန်ဆုံးဆောင်ရွက်နိုင်ရေးစသည်တို့ကို မှာကြားခဲ့။
- ဖေဖော်ဝါရီလ ၈ ရက်တွင် စစ်တွေမြို့နှင့် ကျောက်ဖြူမြို့ရှိ IDPs စခန်းများ သို့သွားရောက်၍ စခန်းရှိ ဘင်္ဂါလီများ၏ နေထိုင်စားသောက်မှုနှင့် ကျန်းမာရေးအခြေအနေများနှင့် နေရောင်ခြည်စွမ်းအင်သုံးစံပြ Hybrid လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း ဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့။
- ဖေဖော်ဝါရီလ ၉ ရက်တွင် ကျောက်တော်မြို့၊ မဟာမုနိယာယီနေရပ်စွန့်ခွာစခန်းနှင့် မြောက်ဦးမြို့၊ သျှစ်သောင်းဘုန်းတော်ကြီးကျောင်း ယာယီနေရပ်စွန့်ခွာစခန်းသို့သွားရောက်ကာ တာဝန်ခံကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ ၎င်းတို့၏မူလနေရပ်များသို့ ပြန်လည်နေထိုင်နိုင်ရေး ထောက်ပံ့ဆောင်ရွက်ပေးမည့် အခြေအနေနှင့် လိုအပ်သည်များကို ရှင်းလင်းမှာကြားဖြည့်ဆည်းပေးခဲ့။
ပြည်ထောင်စုဝန်ကြီးများသည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ဧည့်ရိပ်သာ၌ တွေ့ဆုံ၍ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ဆောင်ရွက်ချက်များနှင့်စပ်လျဉ်းသည့် ခရီးစဉ်အတွင်း တွေ့ရှိချက်များ၊ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်နိုင်မှုနှင့် ဖြည့်ဆည်းပေးရန် လိုအပ်ချက်များ၊ ဆက်လက်ဆောင်ရွက်သွားမည့်အစီအမံများကို အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။ ရခိုင်ပြည်နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာစခန်းများတွင် တိုင်းရင်းသားနေရပ်စွန့်ခွာများ ၆၆,၉၆၇ ဦးရှိကြောင်း၊ ကျောက်တော်မြို့နယ်တွင် ယာယီစခန်း ၁၆ ခု ရှိပြီး လူဦးရေ ၁၂,၈၉၈ ဦး၊ အိမ်ထောင်စု ၃,၁၃၈ စု ရှိကြောင်း၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီအနေဖြင့် ယာယီနေရပ်စွန့်ခွာစခန်းများမှ တိုင်းရင်းသားပြည်သူများကို မူလနေရပ်များသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ရေးအတွက် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၂-၂၀၂၃)
- ပြည်ထောင်စုဝန်ကြီးများသည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ဧည့်ရိပ်သာ၌ တွေ့ဆုံ၍ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း တွေ့ရှိချက် များ၊ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင် နိုင်မှုနှင့် ဖြည့်ဆည်းပေးရန် လိုအပ်ချက်များ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို အသေး စိတ်ညှိနှိုင်း ဆွေးနွေးခဲ့။
- ရခိုင်ပြည်နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာစခန်းများတွင် တိုင်းရင်းသားနေရပ်စွန့်ခွာများ ၆၆,၉၆၇ ဦးရှိကြောင်း၊ ကျောက်တော်မြို့နယ်တွင် ယာယီစခန်း ၁၆ ခု ရှိပြီး လူဦးရေ ၁၂,၈၉၈ ဦး၊ အိမ်ထောင်စု ၃,၁၃၈ စုရှိ။
Add new comment