ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ စီးပွားရေးသံမှူးများအဖြစ် သွားရောက်တာဝန်ထမ်းဆောင်ကြမည့် ဝန်ကြီးဌာနငါးခုမှ အရာထမ်းများကို တွေ့ဆုံ

     နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် စီးပွားရေးသံမှူးများကို ဖေဖော်ဝါရီလ ၁၀ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ဧရာဝတီခန်းမ၌ တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက-

  • ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှုများတွင် ယင်းနိုင်ငံ၏ လက်ရှိအခြေအနေတစ်ခုတည်းကိုမကြည့်ဘဲ နောက်ခံသမိုင်းကြောင်းများကိုလည်း လေ့လာရမည်ဖြစ်ကြောင်း။
  • ယင်းတို့တွေးခေါ်မြော်မြင်သည့် စီးပွားရေးအမြင်များကိုလေ့လာပြီး မိမိနိုင်ငံ၏ စီးပွားရေးအခွင့်အလမ်းများကို အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း။
  • စီးပွားရေးသံမှူးများအနေဖြင့် ကမ္ဘာ့စီးပွားရေး၊ ဒေသတွင်းစီးပွားရေးကို လေ့လာကြရမည်ဖြစ်ကြောင်း။
  • မြန်မာနိုင်ငံ၏ စီးပွားရေးအခွင့်အလမ်းများကို မိမိတို့ရောက်ရှိမည့်နိုင်ငံများတွင် စီးပွားရေးလုပ်ငန်းရှင်များ စိတ်ပါဝင်စားလာစေရေး ကြိုးစားရမည်ဖြစ်ကြောင်း။
  • မြန်မာနိုင်ငံအနေဖြင့်‌ လူ့စွမ်းအားအရင်းအမြစ်၊ ရေအရင်းအမြစ်၊ မြေအရင်းအမြစ်နှင့် အခြားသဘာဝအရင်းအမြစ်အခွင့်အလမ်းများစွာရှိသည်ကို ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားလာစေရေး စီးပွားရေးသံမှူးများက ဆွဲဆောင်စည်းရုံးကြရမည်ဖြစ်ကြောင်း၊
  • ရင်းနှီးမြှုပ်နှံသူများသည် ယင်းတို့၏ ရင်းနှီးမြှုပ်နှံမှု မဆုံးရှုံးရေးနှင့် အမြတ်ရရှိရေးသည် ၎င်းတို့အတွက် ဦးစားပေးသည်ကို သိရှိနားလည်ပြီး ၎င်းတို့၏အကျိုးစီးပွားကို မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့်ယှဉ်တွဲ၍ လုပ်ကိုင်လိုစိတ်ဖြစ်ပေါ်စေရန် ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၂-၂၀၂၃)

 

  • မြန်မာနိုင်ငံ၏ စီးပွားရေးအခွင့်အလမ်းများကို မိမိတို့ရောက်ရှိမည့်နိုင်ငံများတွင် စီးပွားရေးလုပ်ငန်းရှင်များ စိတ်ပါဝင်စားလာစေရေး ကြိုးစားရမည်ဖြစ်။
  • မြန်မာနိုင်ငံအနေဖြင့်‌ လူ့စွမ်းအားအရင်းအမြစ်၊ ရေအရင်းအမြစ်၊ မြေအရင်းအမြစ်နှင့် အခြားသဘာဝအရင်းအမြစ်အခွင့်အလမ်းများစွာရှိသည်ကို ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားလာစေရေး စီးပွားရေးသံမှူးများက ဆွဲဆောင်စည်းရုံးကြရမည်ဖြစ်။
  • ရင်းနှီးမြှုပ်နှံသူများသည် ယင်းတို့၏ ရင်းနှီးမြှုပ်နှံမှု မဆုံးရှုံးရေးနှင့် အမြတ်ရရှိရေးသည် ၎င်းတို့အတွက် ဦးစားပေးသည်ကို သိရှိနားလည်ပြီး ၎င်းတို့၏ အကျိုးစီးပွားကို မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့်ယှဉ်တွဲ၍ လုပ်ကိုင်လိုစိတ်ဖြစ်ပေါ်စေရန် ဆောင်ရွက် ကြရမည်ဖြစ်။

Add new comment