နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှူးပြုသည့် နိုင်ငံတော်တစ်ဝန်းလုံးမှ ကုသိုလ်ရှင်များ လှူဒါန်းထားရှိသော ဌာပနာတော်များသွင်းလှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကျင်းပပြုလုပ်

      မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အမှူးပြုသည့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်တစ်ဝန်းလုံးမှ ဌာပနာတော်ကုသိုလ်ရှင်များလှူဒါန်းထားသည့် ဌာပနာတော်များ သွင်းလှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီလ ၁၀ ရက်တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်သည့် ရတနာပလ္လင်တော်ထက်၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါဌာပနာတော်သွင်းလှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားသို့ မာရဝိဇယရုပ်ပွားတော်မြတ်ကြီးတည်ဆောက်ရေး ဩဝါဒါစရိယဆရာတော် ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ်၊ မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယကဆရာတော်အမှူးပြုသည့် ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဘုရားဒါယကာများ တက်ရောက်ကြည်ညိုကြပါသည်။

ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ပါဠိဆရာတော်ကြီးအမှူးပြုသည့် သံဃာတော်များအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် မင်္ဂလာအချိန်တော်တွင် သံဃာတော်များ၊ ဘုရားဒါယကာများနှင့်အတူ ရတနာရွှေသေတ္တာတော်များအတွင်း ထည့်သွင်းထားသည့် နိုင်ငံတစ်ဝန်းလုံးရှိ ဘုရားဒါယကာ/ဒါယိကာမများ၊ အလှူရှင်များ စုပေါင်းလှူဒါန်းထားသော အဖိုးတန်ရတနာရွှေငွေကျောက်သံပတ္တမြားများ၊ နိုင်ငံတကာမှ ငွေဒင်္ဂါးပြားများ၊ ဌာပနာပစ္စည်းများနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်တည် မော်ကွန်းကမ္ပည်းကျောက်စာတော်တို့ကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် ဗဟိုဌာနနေရာရှိ ဌာပနာတိုက်တော်များအတွင်းသို့ ထုံးတမ်းစဉ်လာများနှင့်အညီ သွင်းလှူပူဇော်ခဲ့ကြပါသည်။ စေတနာရှင်အလှူရှင်များ စုပေါင်းလှူဒါန်းထားသည့် အဖိုးတန်ရတနာကျောက်သံပတ္တမြားများကိုလည်း ရတနာပလ္လင်တော်ထက် ဗဟိုဌာနနေရာရှိ ကျန်ရှိသည့် ဌာပနာတိုက်တော်နေရာများတွင် တာဝန်ရှိသူများက အသီးသီးသွင်းလှူ ပူဇော်ခဲ့ကြပါသည်။

အဆိုပါမာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနတွင် ဌာပနာတော်သွင်းလှူပူဇော်ခြင်းကို ဇန်နဝါရီ ၂၇ ရက်တွင်ပြုလုပ်ခဲ့ပြီး (၇) ရက်သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များ စုပေါင်းလှူဒါန်းထားသည့် ရွှေထည် ၁၀၄ ကျပ်သား ၆ ပဲ ၃ ရွေး၊ ကျောက်မျက်ရတနာပါ ရွှေထည်ပစ္စည်း ၂၀၀ ကျပ်သား ၁ ပဲ ၁ ရွေး၊ ကျောက်မျိုးစုံ ၃ ကီလိုဂရမ် အပါအဝင် ဗုဒ္ဓမြတ်စွာဘုရား၏ ဇာတာတော်များ၊ နိုင်ငံတကာမှ ငွေဒင်္ဂါးပြားများ၊ အဖိုးတန်ရွှေငွေကျောက်သံပတ္တမြားများကို ဌာပနာသွင်းလှူပူဇော်နိုင်ခဲ့ပါသည်။

ဖော်ဖော်ဝါရီလ ၁၀ ရက်တွင်လည်း နိုင်ငံတစ်ဝန်းလုံးရှိ မိဘပြည်သူများ ဝမ်းပန်းတသာ ဆက်သွယ်လှူဒါန်းခဲ့ကြသည့် ရွှေထည် ၁,၃၆၀ ကျပ်သား ၅ ဒသမ ၄ ရွေး၊ ကျောက်မျက်ရတနာပါ ရွှေထည်ပစ္စည်း ၁,၆၈၄ ကျပ်သား ၁၅ ပဲ ၁ ဒသမ ၆ ရွေး၊ ကျောက်မျက်ရတနာပါ ငွေထည်ပစ္စည်း ၁၂၆ ပဲ ၅ ဒသမ ၁ ရွေး၊ ကျောက်မျိုးစုံ၊ ပုလဲမျိုးစုံအပါအဝင် နိုင်ငံတကာမှ ငွေဒင်္ဂါးပြားများ၊ အဖိုးတန်ရွှေငွေ ကျောက်သံပတ္တမြားများကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏  ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ဌာပနာသွင်းလှူ ပူဇော်နိုင်ခဲ့ပြီး ဘုရားကြီးဘက်စုံအလှူငွေအဖြစ် ငွေကျပ်သိန်းပေါင်း ၈,၁၀၀ ကျော်ကိုလည်း လက်ခံရရှိခဲ့ကြောင်းနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ကျောက်စာရုံစေတီတော်များ၊ ရေပန်းရင်ပြင်တော်များ၊ ဘုရားကြီးရင်ပြင်တော်၊ သုဓမ္မာဇရပ်များနှင့် ပင်မ အဝင်လမ်းတို့တွင် အများပြည်သူ ကြည်ညိုသပ္ပါယ်ဖွယ်ဖြစ်အောင် မီးထွန်းညှိ၍ အလင်းပေးပူဇော်ထားရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၂-၂၀၂၃)

 

  • ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမှူးပြုသည့် နိုင်ငံတော်တစ်ဝန်းလုံးမှ ဌာပနာတော်ကုသိုလ်ရှင်များ လှူဒါန်းထားသည့် ဌာပနာတော်များ သွင်းလှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်သည့် ရတနာပလ္လင်တော်ထက်၌ ကျင်းပပြုလုပ်ခဲ့။
  • နိုင်ငံတစ်ဝန်းလုံးရှိ မိဘပြည်သူများ ဆက်သွယ်လှူဒါန်းခဲ့ကြသည့် ရွှေထည် ,၃၆၀ ကျပ်သား . ရွေး၊ ကျောက်မျက်ရတနာပါ ရွှေထည်ပစ္စည်း ,၆၈၄ ကျပ်သား ၁၅ ပဲ . ရွေး၊ ကျောက်မျက်ရတနာပါ ငွေထည်ပစ္စည်း ၁၂၆ ပဲ . ရွေး၊ ကျောက်မျိုးစုံ၊ ပုလဲမျိုးစုံအပါအဝင် နိုင်ငံတကာမှ ငွေဒင်္ဂါးပြားများ၊ အဖိုးတန်ရွှေငွေ ကျောက်သံပတ္တမြားများကို ဌာပနာသွင်းလှူပူဇော်နိုင်ခဲ့ပြီး ဘုရားကြီးဘက်စုံအလှူငွေအဖြစ် ငွေ ကျပ်သိန်းပေါင်း ,၁၀၀ ကျော်ကိုလည်း လက်ခံရရှိခဲ့။

Add new comment