နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကောက်နုတ်ချက်

             နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ၂၀၂၂ ခုနှစ်၊  ဇန်နဝါရီလ ၁၀ ရက်တွင် (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာကောက်နုတ်ချက်မှာ-

· မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် ၁၉၄၈ ခုနှစ်၊ ဇန်န ဝါရီလ ၁၀ ရက်တွင် ကချင်ပြည်နယ်ကောင်စီညီလာခံ၏ ပထမဆုံးအစည်းအဝေးတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းခဲ့သည်ကို ဂုဏ်ပြုသည့်အနေဖြင့် ဇန်နဝါရီလ ၁၀ ရက်ကို “ကချင်ပြည်နယ်နေ့”အဖြစ် သတ်မှတ်ပြဋ္ဌာန်း၍ နှစ်စဉ်ကျင်းပခဲ့ရာ (၇၄)နှစ်ပြည့် မြောက်ခဲ့ပြီဖြစ်ကြောင်း။

· ကချင်ပြည်နယ်တွင် ဂျိန်ဖော့၊ ရဝမ်၊ လီဆူ၊ လာချိတ်၊ လော်ဝေါ်၊ ဇိုင်ဝါးစသည့် ကချင်မျိုးနွယ်စုများ၊ တိုင်းလေ၊ တိုင်းလိုင်၊ တိုင်းလုံ၊ တိုင်းဆာ၊ တိုင်းခန္တီး စသည့် ရှမ်းမျိုးနွယ်စုများနှင့်  ဗမာတိုင်းရင်းသားမျိုးနွယ်စုများအပြင် အခြား တိုင်းရင်းသားမျိုးနွယ်စုအပါအဝင် လူဦးရေစုစုပေါင်း (၁၇) သိန်းကျော် ချစ်ကြည်ရင်းနှီးစွာ စုပေါင်းနေထိုင်ကြသည့် ပြည်နယ်တစ်ခုဖြစ်ကြောင်း။

· ကချင်ပြည်နယ်သည်   အဖိုးတန်သဘာဝသယံဇာတများဖြစ်သည့်  ရွှေ၊ ကျောက် စိမ်း၊ ပယင်း စသော အဖိုးတန်သယံဇာတများ ပေါများကြွယ်ဝသကဲ့သို့ သာယာလှပသည့် တောတောင်ရေမြေ သဘာဝပတ်ဝန်းကျင်ကောင်းများကို လည်း ပိုင်ဆိုင်ထားသည့်အပြင် မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်သည့် ဧရာဝတီမြစ်ကြီး စတင်မြစ်ဖျားခံရာဒေသတစ်ခုလည်းဖြစ်ကြောင်း။

· ကချင်တိုင်းရင်းသားမျိုးနွယ်စုများ၏ ဝတ်စားဆင်ယင်မှု၊ ရိုးရာအကအလှများ၊ စာပေယဉ်ကျေးမှုဓလေ့ထုံးစံများမှာ ပျော်ရွှင်ချမ်းမြေ့စရာဖြစ်ပြီး ကချင်ရိုးရာမနောပွဲနှင့် ထောင်ကာအကတို့မှာ ပြည်တွင်းသာမက နိုင်ငံတကာကပါ စိတ်ဝင်စားကြသော တိုင်းရင်းသားအမွေအနှစ်များဖြစ်ကြောင်း။

· သာယာလှပပြီး သယံဇာတပေါကြွယ်ဝသည့် ကချင်ပြည်နယ်သည် လက်နက်ကိုင်ပဋိပက္ခများ အပြီးတိုင်မချုပ်ငြိမ်းနိုင်သေးသောကြောင့် သဘာဝအလှအပများကို အပြည့်အ၀မခံစားနိုင်သေးသကဲ့သို့ သဘာဝသယံဇာတများကိုလည်း ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ထိထိရောက်ရောက်  အသုံးမပြုနိုင်သေးဘဲ ဖြစ်နေရကြောင်း။

· ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နယ်မြေတည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှုရှိမှသာ ထိရောက်အောင်မြင်အောင်ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ငြိမ်းချမ်းရေး၏အရသာကို သိရှိခံစားခဲ့ကြပြီးဖြစ်သော ကချင်ပြည်နယ်အတွင်း နေထိုင်ကြသည့်တိုင်းရင်းသားတို့သည် ယခုအချိန်တွင်လည်း ငြိမ်းချမ်းရေးကို အလွန်တောင့်တလျက်ရှိကြပြီး ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး အမြန်ဆုံးရရှိလိုကြမည်ဟု ယုံကြည်ကြောင်း။

· နိုင်ငံတော်အနေဖြင့်  တိုင်းရင်းသားပြည်သူအားလုံး၏ဆန္ဒ နှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။

· မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့်   တိုင်းရင်းသားညီနောင်အားလုံးတို့အတွက် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း။

· ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်စေရန်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ သက်ဆိုင်သူများအနေဖြင့် သဘောထားမှန်ကန်ကြပြီး တူညီသောစိတ်ဆန္ဒများရှိရန် လိုအပ်ကြောင်း။

· နိုင်ငံတော်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို မထိခိုက်စေရန် တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လျက်ရှိသကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပါဝင်သက်ဆိုင်သူအားလုံးကလည်း အကြမ်းဖက်လုပ်ရပ်များ၊ အဖျက်အမှောင့်လုပ်ရပ်များ၊ ပြည်တွင်းပြည်ပ ပယောဂများ၊   မီဒီယာများ၏ သွေးထိုးလှုံ့ဆော်မှုများနှင့်  အကြောင်းအမျိုးမျိုးကြောင့် NCA ငြိမ်း ချမ်းရေးလမ်းကြောင်းမှ သွေဖည်မသွားကြစေရေးကို အမျိုး သားရေးစိတ်ဓာတ်ဖြင့် သတိရှိရှိဆောင်ရွက်ပေးကြရန် မှာ ကြားလိုကြောင်း။

· နိုင်ငံတော်တွင် တည်ငြိမ်အေးချမ်းမှုမရှိပါက ဆက်လက်လုပ်ဆောင်ရမည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေ ခံသော ပြည်ထောင်စုတည်ဆောက်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုတို့မှာ အလှမ်းဝေးနေဆဲသာ ဖြစ်သည်ကို အားလုံးသိရှိကြပြီးဖြစ်ကြောင်း။

· နိုင်ငံ၏ကောင်းကျိုးကို ဆောင်ရွက်ကြရာတွင် တစ်ဦးကောင်း၊ တစ်ဖွဲ့ကောင်းဖြင့် ဆောင်ရွက်၍ မရနိုင်ဘဲ တိုင်း ရင်းသား ပြည်သူအားလုံး၏ အမျိုးသားရေးစိတ်ဓာတ်ကို အခြေခံသော ပေါင်းစုအင်အားဖြင့် တက်ညီလက်ညီဆောင် ရွက်ကြရန်လိုအပ်ကြောင်း။

· နိုင်ငံနှင့် လူမျိုးနှင့်ပတ်သက်၍ ရှေ့လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ရာတွင် မည်သည့်အခက်အခဲ၊ အကျပ်အတည်း၊ စိန်ခေါ်မှုမျိုးကိုမဆို တိုင်းရင်းသားများ၏ စစ်မှန် သော ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံသည့်မျိုးချစ်စိတ် ဓာတ်ဖြင့် အခိုင်အမာ ရင်ဆိုင်ကျော်လွှားနိုင်မည်ဟု အပြည့် အဝယုံကြည်ကြောင်း။

· နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလားသော၊ နိုင်ငံ တော်အစိုးရကို ဆန့်ကျင်လျက်ရှိသော အကြမ်းဖက်အဖွဲ့အစည်းများ၏ သွေးထိုးလှုံ့ဆော်မှု၊ အကြမ်းဖက်တိုက်ခိုက်ဖျက်ဆီးမှုများ၏ အန္တရာယ်ကိုလည်း တွန်းလှန်ချေမှုန်းလျက်ရှိရာ တိုင်းရင်းသားပြည်သူများက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် အလေးထား တိုက်တွန်းကြောင်း။

ကချင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်း ရင်းသားပြည်သူများအားလုံး ဒေသတွင်းတည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို အရှိန်အဟုန်ဖြင့် ဖြစ်ထွန်းပေါ်ပေါက်စေရေးအတွက် ကြိုးပမ်းစွမ်းဆောင်နိုင်သူများဖြစ်ကြ၍ ပြည်နယ်အကျိုး၊ ပြည်နယ်သားများ၏အကျိုး၊ နိုင်ငံအကျိုး၊ နိုင်ငံသားများ၏ အကျိုး သယ်ပိုးနိုင်သူများ ဖြစ်ကြပါစေကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါသည်။

  • ကချင်ပြည်နယ်သည်   အဖိုးတန်သဘာဝသယံဇာတများဖြစ်သည့်  ရွှေ၊ ကျောက် စိမ်း၊ ပယင်း စသော အဖိုးတန် သယံဇာတများ ပေါများကြွယ်ဝသကဲ့သို့ သာယာလှပသည့် တောတောင်ရေမြေ သဘာဝပတ်ဝန်းကျင်ကောင်း များကိုလည်း ပိုင်ဆိုင်ထားသည့်အပြင် မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်သည့် ဧရာဝတီမြစ်ကြီး စတင်မြစ် ဖျားခံရာဒေသတစ်ခုလည်းဖြစ်ကြောင်း။
  • ငြိမ်းချမ်းရေး၏အရသာကို သိရှိခံစားခဲ့ကြပြီးဖြစ်သော ကချင်ပြည်နယ်အတွင်း နေထိုင်ကြသည့် တိုင်းရင်းသားတို့သညယခုအချိန်တွင်လည်း ငြိမ်းချမ်းရေးကို အလွန်တောင့်တလျက်ရှိကြပြီး ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး အမြန်ဆုံးရရှိလိုကြမည်ဟု ယုံကြည်ကြောင်း။
  • နိုင်ငံတော်အနေဖြင့်  တိုင်းရင်းသားပြည်သူအားလုံး၏ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စုတည်ဆောက်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။
  • နိုင်ငံတော်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို မထိခိုက်စေရန် တတ်နိုင်သမျှ ထိန်းထိန်းသိမ်း သိမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပါဝင်သက်ဆိုင်သူအားလုံး ကလည်း အကြမ်းဖက်လုပ်ရပ်များ၊ အဖျက်အမှောင့်လုပ်ရပ်များ၊ ပြည်တွင်းပြည်ပ ပယောဂများ၊ မီဒီယာ များ၏ သွေးထိုးလှုံ့ဆော်မှုများနှင့်  အကြောင်းအမျိုးမျိုးကြောင့် NCA ငြိမ်းချမ်းရေးလမ်းကြောင်းမှ သွေဖည်မသွား ကြစေရေးကို အမျိုးသားရေးစိတ်ဓာတ်ဖြင့် သတိရှိရှိဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်း။
  • နိုင်ငံ၏ကောင်းကျိုးကို ဆောင်ရွက်ကြရာတွင် တစ်ဦးကောင်း၊ တစ်ဖွဲ့ကောင်းဖြင့် ဆောင်ရွက်၍ မရနိုင်ဘဲ တိုင်းရင်းသား ပြည်သူအားလုံး၏ အမျိုးသားရေးစိတ်ဓာတ်ကို အခြေခံသော ပေါင်းစုအင်အားဖြင့် တက်ညီ လက်ညီ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း။
  • နိုင်ငံနှင့် လူမျိုးနှင့်ပတ်သက်၍ ရှေ့လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ရာတွင် မည်သည့်အခက်အခဲ၊ အကြပ် အတည်း၊ စိန်ခေါ်မှုမျိုးကိုမဆို တိုင်းရင်းသားများ၏ စစ်မှန်သောပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံသည့် မျိုးချစ်စိတ်ဓာတ်ဖြင့် အခိုင်အမာ ရင်ဆိုင်ကျော်လွှားနိုင်မည်ဟု အပြည့်အဝယုံကြည်ကြောင်း။

 

Add new comment