ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ဆိုင်ရာ ကုလသမဂ္ဂ၏ပူးတွဲအစီအစဉ်၏ မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

        ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ဆိုင်ရာ ကုလသမဂ္ဂ၏ ပူးတွဲအစီအစဉ်(Joint United Nations Programme on HIV/AIDS-UNAIDS) ၏ မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဖေဖော်ဝါရီလ ၁၀ ရက်တွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံပွဲတွင် ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလနှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်စိန်ခေါ်မှုများရှိသော်လည်း ခုခံကျ/ကာလသားရောဂါကာကွယ်တိုက်ဖျက်ရေးနှင့် ရောဂါဝေဒနာခံစားနေရသည့် ဝေဒနာရှင်များ ART ဆေးပြတ်လပ်မှု မရှိစေရေး အတွက် အကောင်းဆုံးဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ၊ ၂၀၂၁- ၂၀၂၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာအေအိုင်ဒီအက်စ်မဟာဗျူဟာဖြစ်သည့် “မညီမျှမှုအဆုံးသတ်စေရေး၊ အေအိုင်ဒီအက်စ်ရောဂါပပျောက်ရေး” ရည်မှန်းချက်ပြည့်မီစေရေးအတွက် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စ၊ နည်းပညာပိုင်းဆိုင်ရာအကူအညီများ ပိုမိုပံ့ပိုးပေးနိုင်ရေးကိစ္စနှင့် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ်(ပြည်သူ့ကျန်းမာရေးဦးစီးဌာန)၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်(မြဝတီသတင်းစာ  ၁၁-၂-၂၀၂၃)

 

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် ဆိုင်ရာကုလသမဂ္ဂ၏ ပူးတွဲအစီအစဉ်၏ မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံစဉ် ၂၀၂၁ - ၂၀၂၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ အေအိုင်ဒီအက်စ်မဟာဗျူဟာဖြစ်သည့် မညီမျှမှုအဆုံးသတ် စေရေး၊ အေအိုင်ဒီအက်စ်ရောဂါပပျောက်ရေးရည်မှန်းချက်ပြည့်မီစေရေးအတွက် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့

Add new comment