၂၀၂၃ ခုနှစ်၊ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် ဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပြခန်းများ၊ တိုင်းရင်းသားရိုးရာအစားအစာနှင့် ဒေသထွက်ကုန်ပစ္စည်းအရောင်းပြခန်းများအား ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်တွင် ဖေဖော်ဝါရီလ ၁၀ ရက်မှစတင်၍ ဖေဖော်ဝါရီလ ၁၄ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပါသည်။
အဆိုပါပြည်ထောင်စုနေ့အထိမ်းအမှတ်ပြခန်းများတွင် ဝန်ကြီးဌာနပြခန်း ၂၅ ခန်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပြခန်း ၁၅ ခန်း၊ တိုင်းရင်းသားရိုးရာအစားအစာပြခန်း ၁၅ ခန်း၊ စုစုပေါင်း ၅၅ ခန်းကို ပြသထားပြီး တိုင်းရင်းသားရိုးရာအကများ၊ ရုပ်ရှင်အနုပညာရှင်များ၊ စတူဒီယိုတေးသံရှင်များနှင့် မျိုးဆက်သစ်အဆိုရှင်များကလည်း ဖျော်ဖြေတင်ဆက်လျက်ရှိရာ စိတ်ပါဝင်စားစွာ လာရောက်လည်ပတ်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၂-၂၀၂၃)
- (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြခန်းနှင့် တိုင်းရင်းသားရိုးရာအစားအစာနှင့် ဒေသထွက်ကုန်ပစ္စည်းအရောင်းပြခန်းများကို ဖေဖော်ဝါရီလ ၁၀ ရက်မှ ၁၄ ရက်ထိ ပြည်သူ့ရင်ပြင်တွင် ခင်းကျင်းပြသလျက်ရှိရာ စိတ်ပါဝင်စားစွာ လာရောက် လည်ပတ်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိ။
Add new comment