ဖြစ်စဉ်မှာ ယနေနံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ရန်အတွက် PDF အမည်ခံ အကြမ်းဖက်သမားအင်အား ၅၀ ဦးခန့်သည် ဦးနှောက်ကျေးရွာ၌ အစည်းအဝေးပြုလုပ်ရန်စုဝေးနေကြောင်း ဆူပူအကြမ်းဖက်မှုကို မလိုလားသည့် ကျေးရွာသားအချို့က ကျေးရွာ အနီးဆုံးရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်ဆက်သွယ်အကြောင်းကြားသတင်းပို့လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နေ့လယ် ၁၂ နာရီခွဲခန့်တွင် အဆိုပါကျေးရွာအတွင်းသို့ ဝင်ရောက်ဖမ်းဆီးစဉ် အကြမ်းဖက်သမားများနှင့် အပြန်အလှန်ထိတွေ့ပစ်ခတ်မှုများဖြစ်ပွားခဲ့ကာ အကြမ်းဖက်သမားများကျေးရွာ၏တောင်ဘက်သို့ ဖရိုဖရဲဆုတ်ခွာ ထွက်ပြေးသွားခဲ့ရာ အကြမ်းဖက်သမား ၅ ဦးအား အသေဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ထံမှ M4A1 သေနတ် ၁ လက်၊ MK 12 သေနတ် ၁ လက်၊ လက်လုပ်ခါးချိုးသေနတ် ၁၄ လက်၊ လက်လုပ်သေနတ်အတို ၃ လက်၊ လက်လုပ်စိန်ပြောင်း ၂ လက်၊ လက်ပစ်ဗုံး ၂ လုံး၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၁၆ လုံး၊ ကျည်မျိုးစုံ ၁၅၅ တောင့်၊ ကျည်အိမ် ၃ ခု ၊ လမ်းလျှောက်စကားပြောစက် ၂ လုံး၊ ဖောက်ခွဲဖျက်ဆီးမှုများပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ Ford အမျိုးအစား မော်တော်ယာဉ်အမှတ်၊ 7 L /----- ၁ စီးတို့အား သိမ်းဆည်းရမိခဲ့သည်။
အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာအချို့တွင်းဝင်ရောက်၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိရာ ဒေသခံပြည်သူများ အေးချမ်းတည်ငြိမ်စွာနေထိုင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့များက နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အကြမ်းဖက်အဖွဲ့များ၏ ဝင်ထွက်သွားလာမှု သတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး၍ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းပါဝင်ကြရန် သတင်းထုတ်ပြန်အပ်ပါသည်။
နေပြည်တော်၊ ဇန်နဝါရီ - ၁၀
Add new comment