နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမိုင်းဝင်မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို

     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဖေဖော်ဝါရီလ ၈ ရက်တွင် တာဝန်ရှိသူများလိုက်ပါ၍ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင် ကျေးရွာအုပ်စုရှိ   သမိုင်းဝင်မဟာမကုဋရံသီဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော်ကြီးကို လက်ယာရစ်လှည့်လည်ဖူး မြော်ကြည်ညိုကြပြီး ရင်ပြင်တော်တိုးချဲ့ခြင်းနှင့် ပြုပြင် မွမ်းမံခြင်း ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-

  • မဟာမကုဋရံသီဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော်ကြီးသည် ရှေးဟောင်းသမိုင်းဝင်စေတီတော်မြတ်ကြီးဖြစ်သဖြင့် ပြုပြင်မွမ်းမံခြင်း၊ ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ရှေးမူ လက်ရာမပြတ်စေရေးနှင့် ရေရှည်တည်တံ့စေရေး အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
  • သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာနိုင်မည့် အခြေအနေများကိုလည်း တွက်ချက်ဆောင်ရွက်သွားရန်လိုကြောင်း မှာကြားခဲ့။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော်ကြီး ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများ၊ ဘုရားဖူးလာ ရဟန်းသံဃာ၊ မိဘပြည်သူများ သက်တောင့်သက်သာ ကျယ်ကျယ်ပြန့်ပြန့် ဖူးမြော်နိုင်ရေးအတွက် ရင်ပြင်တော် တိုးချဲ့ခြင်းနှင့် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းဆောင်ရွက်နေမှု မှတ်တမ်းဓာတ်ပုံများနှင့် ပုံစံငယ် ပြုလုပ်ထားရှိမှုတို့ကိုကြည့်ရှုကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၂-၂၀၂၃)

 

  • နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သမိုင်းဝင်မဟာမကုဋရံသီဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို၍ ရင်ပြင်တော်တိုးချဲ့ခြင်းနှင့် ပြုပြင်မွမ်းမံခြင်း လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့။

Add new comment