ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌ(၁) အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယဥက္ကဋ္ဌ(၂) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်တို့သည် ICJ ဆိုင်ရာကိစ္စရပ်များ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံနေရာချထားရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ မူလနေရပ်သို့ ပြန်လည်နေရာချထားရေးနှင့် ယာယီစခန်းများ ပိတ်သိမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များအား ကွင်းဆင်းစစ်ဆေးရန် ဖေဖော်ဝါရီလ ၅ ရက်တွင် စစ်တွေမြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့ဝင်များသည်-
- မြန်မာ-အိန္ဒိယနှစ်နိုင်ငံပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စစ်တွေမြို့ ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်းရုံး သို့သွားရောက်၍ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများကို သွားရောက်ကြည့်ရှုလေ့လာခဲ့။
- ဖေဖော်ဝါရီလ ၆ ရက်တွင် စစ်တွေမြို့၊ ဝေသာလီအားကစားကွင်း၌ ကျင်းပပြုလုပ်သည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ရခိုင်ပြည်နယ် MSME ထုတ်ကုန်ပြပွဲနှင့် ရောင်းချပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေး ကြပြီးပြပွဲ၌ ခင်းကျင်းပြသလျက်ရှိသည့် ဒေသထွက်ကုန်ပစ္စည်းအရောင်းဆိုင်ခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့။
- စစ်တွေမြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိကြပြီး အသက် ၅ နှစ်မှ ၁၂ နှစ်အကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုနှင့် ၁၂ နှစ်အထက် ထပ်ဆောင်း ကာကွယ်ဆေးထိုးပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေး၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံး စာရေးကိရိယာ၊ ဖြည့်စွက်အာဟာရနှင့်မုန့်များ ပေးအပ်ခဲ့။
- စစ်တွေမြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသို့ ရောက်ရှိကြပြီး သင်တန်းကျောင်းတွင် အခြေခံနှင့်အဆင့်မြင့် စက်ချုပ်အတတ်ပညာဖြင့် လူမှုဘဝရပ်တည်နိုင်ရေးအတွက် တက်ရောက်သင်ကြားလျက်ရှိသည့် တိုင်းရင်းသားနှင့် ဘင်္ဂါလီသင်တန်းသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံအားပေး စကားပြောကြားကာ ချီးမြှင့်ငွေများ ပေးအပ်ခဲ့။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဧည့်ရိပ်သာအစည်းအဝေးခန်းမ၌ ICJ ဆိုင်ရာကိစ္စများနှင့်စပ်လျဉ်း၍ ပြန်လည်သုံးသပ်သည့် အစည်းအဝေးကို ကျင်းပပြုလုပ်ကြပြီး ICJ တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် စွပ်စွဲထားရှိသည့်အချက်များအား ချေပလွှာ (Counter Memorial) တင်သွင်းနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများအပေါ် အသေးစိတ်ညှိနှိုင်း ဆွေးနွေးကာ ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို တာဝန် ရှိသူများအား ရှင်းလင်းမှာကြားခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၂-၂၀၂၃)
- ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ရခိုင်ပြည်နယ်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့။
- ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ICJ ဆိုင်ရာကိစ္စများနှင့်စပ်လျဉ်း၍ ပြန်လည်သုံးသပ်သည့် အစည်းအဝေးကို ကျင်းပပြုလုပ်ကြပြီး ICJ တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် စွပ်စွဲထားရှိသည့် အချက်များအား ချေပလွှာ (Counter Memorial) တင်သွင်းနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများအပေါ် အသေးစိတ်ညှိနှိုင်းဆွေးနွေးကာ ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို တာဝန်ရှိသူများအား ရှင်းလင်းမှာကြားခဲ့။
Add new comment