လွတ်လပ်ပြီး တရားမျှတသော အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေစာရင်းအချက်အလက်များကို ဇန်နဝါရီလ ၉ ရက်မှ ၃၁ ရက်အထိ ရုံးပိတ်ရက်များမပါ ရက်ပေါင်း ၂၀ ကြာ မြေပြင်ကွင်းဆင်း၍ တစ်အိမ်တက်ဆင်းကောက်ယူခဲ့ရာတွင် တစ်နိုင်ငံလုံး၌ ကောက်ယူရန် လျာထားသည့် အိမ်ထောင်စုများအနက် ၈၆ ဒသမ ၇ ရာခိုင်နှုန်း ကောက်ယူနိုင်ခဲ့ပြီး ရခိုင်ပြည်နယ် အနေဖြင့် ၉၉ ဒသမ ၂၅ ရာခိုင်နှုန်း ကောက်ယူပြီးစီးခဲ့ပါသည်။
ဆက်လက်ပြီး ရခိုင်ပြည်နယ်အတွင်း လက်ရှိအိမ်ထောင်စုစာရင်းမရှိသူများကို အလွတ်ပုံစံများဖြင့် ကောက်ယူခဲ့ရာ အိမ်ထောင်စုပေါင်း ၁ ဒသမ ၄ သိန်းကျော်ကို ကောက်ယူနိုင်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ကောက်ယူရန် ကျန်ရှိနေသည့် အိမ် ထောင်စုများကို ကွက်ပြည့်နင်းကောက်ယူနိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၂-၂၀၂၃)
- ရခိုင်ပြည်နယ်အတွင်း လက်ရှိအိမ်ထောင်စုစာရင်းမရှိသူများကို အလွတ်ပုံစံများဖြင့် ကောက်ယူခဲ့ရာ အိမ်ထောင်စုပေါင်း ၁ ဒသမ ၄ သိန်းကျော်ကို ကောက်ယူနိုင်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ကောက်ယူရန် ကျန်ရှိနေသည့် အိမ်ထောင်စုများကို ကွက်ပြည့်နင်းကောက်ယူနိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိ။
Add new comment