လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Russian State Atomic Energy Corporation “ROSATOM” Rusatom International Network ၏ President Mr. Vadim Titov နှင့် Rusatom Energy Projects ၏ Director General Mr. Andrey Rozhdestvin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဖေဖော်ဝါရီလ ၆ ရက်တွင် တွေ့ဆုံ၍ အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံစီမံကိန်းအကြိုဖြစ်မြောက်နိုင်စွမ်း လေ့လာမှုလုပ်ငန်းစဉ်အတွက် ဆောင်ရွက်ထားမှု၊ အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံစီမံကိန်းတည်ဆောက်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စ၊ စီမံကိန်းတည်ဆောက်ရေးဆိုင်ရာကိစ္စ၊ ချေးငွေရယူရေးဆိုင်ရာကိစ္စ၊ ရှေ့ဆက်လက်လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ROSATOMနှင့် ပြည်တွင်းကုမ္ပဏီများနှင့် MoU ရေးထိုးထားရှိမှု၊ လေအားလျှပ်စစ်စီမံကိန်းများအား တည်ဆောက်ရန် ကြာမြင့် ချိန်ကာလ၊ အလားအလာ၊ နည်းပညာပိုင်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၂-၂၀၂၃)
- ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ “ROSATOM” ကုမ္ပဏီမှ ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံ၍ အပူစွမ်းအင်သုံးဓါတ်အားပေးစက်ရုံစီမံကိန်း တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သတ်၍ ဆွေးနွေးခဲ့။
Add new comment