သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) တို့ ပူးပေါင်းကျင်းပသည့် နျူကလီးယားနည်းပညာဆိုင်ရာ အသိပညာဖြန့်ဝေသည့် ဟောပြောပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၆ ရက်တွင် ရန်ကုန်မြို့ လှိုင်မြို့နယ် နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာ၌ ကျင်းပခဲ့ပြီး အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့် တာဝန်ရှိသူများ၊ ရုရှားနိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) မှ ညွှန်ကြားရေးမှူးချုပ် Mr. Alexey Evgenievich Likhachev နှင့် တာဝန်ရှိသူများ၊ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များနှင့် ဆေးတက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားအပြီးတွင် နျူကလီးယားနည်းပညာသတင်းအချက်အလက် စင်တာဖွင့်ပွဲကျင်းပရခြင်းနှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ရုရှားနိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM)၏ ညွှန်ကြားရေးမှူးချုပ်က သတင်းထောက်များ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၂-၂၀၂၃)
- သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) တို့ ပူးပေါင်းကျင်းပသည့် နျူကလီးယားနည်းပညာဆိုင်ရာအသိပညာဖြန့်ဝေသည့် ဟောပြောပွဲအခမ်းအနား၌ (ROSATOM)မှ ညွှန်ကြား ရေးမှူးချုပ်က နျူကလီးယားနည်းပညာအကြောင်း သိကောင်းစရာများအား ရှင်းလင်းပြောကြားခဲ့။
Add new comment