နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကောက်နုတ်ချက်

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာပါကောက်နုတ်ချက်မှာ-

  • ရှမ်းပြည်နယ်တွင် မြေပေါ်မြေအောက်သယံဇာတများဖြစ်သည့် သတ္တုရိုင်းတွင်းထွက်များ၊ ကျောက်မျက်ရတနာများ၊ ကျွန်းသစ်နှင့် သစ်တောထွက်ပစ္စည်းများထွက်ရှိရာ ရေခံမြေခံကောင်းများရှိပြီး အရှေ့ဘက်ခြမ်းပြည်ပနိုင်ငံများနှင့် ထိစပ်လျက်ရှိသောကြောင့် နိုင်ငံအတွက် အရေးပါသည့် နယ်စပ်ဒေသကုန်သွယ်ရေးများဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိသော ပြည်နယ်တစ်ခုလည်းဖြစ်။
  • နယ်ချဲ့တို့သည် ၎င်းတို့၏ ရေရှည်အကျိုးစီးပွားအတွက် မြန်မာနိုင်ငံကို ပြည်မနှင့် တောင်တန်းဒေသများ ခွဲခြား၍ သွေးခွဲအုပ်ချုပ်ခဲ့သောကြောင့် မိမိတို့တိုင်းရင်းသားများအကြား လူမျိုးစွဲ၊ ဝါဒစွဲ၊ ဂိုဏ်းဂဏစွဲ၊ ပုဂ္ဂိုလ်စွဲတို့ကြောင့် လွတ်လပ်ရေးရပြီး လပိုင်းအတွင်းမှာပင် လက်နက်ကိုင်သောင်းကျန်းမှုများဖြင့် တိုက်ပွဲများဖြစ်ကာ ယခုအချိန်ထိ တည်ငြိမ်အေးချမ်းမှုမရှိသည်ကို အားလုံးအသိပင်ဖြစ်။
  • တိုင်းရင်းသားစည်းလုံးညီညွတ်မှုသည် နိုင်ငံတစ်နိုင်ငံအေးချမ်းတည်ငြိမ်မှုနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲနေစေရေးအတွက် အသက်တမျှ အရေးပါလျက်ရှိသလို နိုင်ငံတစ်နိုင်ငံတိုးတက်ရေးအတွက် ကြီးမားသော မောင်းနှင်အား တစ်ရပ်လည်းဖြစ်။
  • ယနေ့အချိန်အခါတွင် ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် အစဉ်တစိုက် ကြိုးပမ်းမှုများကြောင့် ဆွေးနွေးပွဲများ ကျင်းပလာနိုင်သဖြင့် ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် အကျိုးကျေးဇူးများ တိုးတက်ရရှိနိုင်တော့မည်ဖြစ်။
  • နိုင်ငံတော်အစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်(၁၂)ရပ်တို့ကို ချမှတ်ကာ ဆောင်ရွက်လျက်ရှိပြီး တည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်လျက်ရှိ။
  • မြန်မာနိုင်ငံကြီးအား လွတ်လပ်မှု၊ လုံခြုံမှု၊ အေးချမ်းတည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာစေရေးအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်ပေးကြရန်။
  • နိုင်ငံတော်ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင်ပါရှိသည့် “တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည်” ဆိုသည့်အတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နိုင်ငံတော်ဘက်မှ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိ။
  • ထာဝရငြိမ်းချမ်းရေးကို မျှော်လင့်ချက်ကြီးစွာဖြင့် ယခုနှစ်ကုန်ထိ ငါးနှစ်တိုင် ရပ်စဲပေးထားကာ ငြိမ်းချမ်းရေးအတွက် အဖြေမဟုတ်သော စစ်ပွဲ၊ တိုက်ပွဲများကို ရှောင်ရှား၍ ငြိမ်းချမ်းရေးစားပွဲဝိုင်းပေါ်၌ အစဉ်တစိုက် အဖြေရှာနိုင်ရေး တံခါးဖွင့်ပေးထားခြင်းဖြစ်ပြီး မိမိတို့၏ ဆန္ဒ၊ မိမိဒေသ၊ မိမိအဖွဲ့အစည်းအကျိုးစီးပွားထက် ဖြစ်သင့်ဖြစ်ထိုက်သည့် ပြည်ထောင်စုနှင့် တိုင်းရင်းသားပြည်သူအားလုံး၏ အကျိုးစီးပွားဘက်ကသာရပ်တည်ပြီး စိတ်စေတနာကောင်းဖြင့် သဘောထားကြီးမှုကို ပြသကြရမည့် ငြိမ်းချမ်းရေးအတွက် အချိန်အခါကောင်းဖြစ်ကြောင်း အသိပေးတိုက် တွန်းပြောကြားခဲ့။

တိုင်းရင်းသားပြည်သူတစ်ရပ်လုံးသည် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ သာတူညီမျှအခွင့်အရေးရရှိခြင်းဟူသည့် အနှစ်သာရများဖြင့် ပြည့်ဝသောဖက်ဒရယ်စနစ်ကို အခြေခံသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ရည်မှန်းချက်ပန်း တိုင်ကို မလွဲမသွေအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တိုင်းရင်းသားပြည်သူအားလုံး ပင်လုံစိတ်ဓာတ်အရင်းခံကာ ချစ်ကြည်စည်းလုံးစွာဖြင့် နိုင်ငံတော်အစိုးရနှင့်အတူ ပူးပေါင်းလက်တွဲဆောင်ရွက်သွားကြရန် တိုက်တွန်းလျက် သဝဏ်လွှာပေးပို့ခဲ့ပါသည်။

သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၇-၂-၂၀၂၃)

 

  • နယ်ချဲ့တို့သည် မြန်မာနိုင်ငံကို ပြည်မနှင့် တောင်တန်းဒေသများ ခွဲခြား၍ သွေးခွဲအုပ်ချုပ်ခဲ့သောကြောင့် လွတ်လပ်ရေးရပြီး လပိုင်းအတွင်းမှာပင် တိုင်းရင်းသားများအကြား လက်နက်ကိုင်သောင်းကျန်းမှုများဖြင့် တိုက်ပွဲများဖြစ်ကာ ယခုအချိန်ထိ တည်ငြိမ်အေးချမ်းမှုမရှိသည်ကို အားလုံးအသိပင်ဖြစ်။
  • နိုင်ငံတော်အစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ်()ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက် (၁၂) ရပ်တို့ကို ချမှတ်ကာ ဆောင်ရွက်လျက်ရှိပြီး တည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်လျက်ရှိ။
  • တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်ဆိုသည့်အတိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို နိုင်ငံတော်ဘက်မှ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိ။
  • ပြည့်ဝသောဖက်ဒရယ်စနစ်ကို အခြေခံသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ရည်မှန်းချက်ပန်းတိုင်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် တိုင်းရင်းသားပြည်သူအားလုံး ချစ်ကြည်စည်းလုံးစွာဖြင့် နိုင်ငံတော်အစိုးရနှင့်အတူ ပူးပေါင်းလက်တွဲဆောင်ရွက်သွားရန် တိုက်တွန်း။

Add new comment