၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူစဉ်ကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ပြည်ပ ပို့ကုန်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ-
- ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ ရက်မှ ၃၁-၁-၂၀၂၃ ရက်) အထိ ပြည်ပသို့ ပုစွန်တင်ပို့မှုအနေဖြင့် တန်ချိန် ၁၃,၂၆၀.၃၂၉ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၇.၆၅၅ သန်းရရှိခဲ့။
- ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၆-၁၂-၂၀၂၂ ရက်မှ ၂၄-၁-၂၀၂၃ ရက်) အထိ ပြည်ပသို့ ကြံတင်ပို့မှုအနေဖြင့် တန်ချိန် ၆၃,၀၀၀ တန် တင်ပို့နိုင်ပြီး အမေရိကန်ဒေါ်လာ ၃.၂ သန်းရရှိခဲ့။
- ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ ရက်မှ ၂၅-၁-၂၀၂၃ ရက်) အထိ ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုအနေဖြင့် တန်ချိန် ၁,၈၃၆,၁၅၅ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၆၇၉ သန်းရရှိခဲ့။
- ၁-၆-၂၀၂၂ ရက်မှ ၃၁-၁-၂၀၂၃ ရက်အထိ ပြည်ပသို့ ကဏန်းတန်ချိန် ၅,၈၄၂. ၄၃၈ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၄,၇၅၆ သန်းနှင့် ငါးရှဉ့်တန်ချိန် ၉,၇၃ ၉.၄ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၅ သန်းရရှိခဲ့။
- ယခုနှစ်ထောပတ်သီးရာသီချိန်တွင် ပြည်ပသို့ လေကြောင်းကုန်သွယ်မှုမှတစ်ဆင့် ထောပတ်သီးတန်ချိန် ၁၀၀ တင်ပို့နိုင်ခဲ့။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဆယ်လတာကာလအတွင်း ပြည်ပသို့ လယ်ယာထွက် ပစ္စည်းနှင့် ရေထွက်ပစ္စည်းများကို တင်ပို့ရာ ပို့ကုန်တင်ပို့မှုမှ စုစုပေါင်းအမေရိကန်ဒေါ်လာ ၂၅,၅၂၀.၈၅၅ သန်းရရှိခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၂-၂၀၂၃)
- ပြည်ပသို့ ပုစွန်တင်ပို့မှုအနေဖြင့် တန်ချိန် ၁၃,၂၆၀.၃၂၉ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၇.၆၅၅ သန်းရရှိခဲ့။
- ပြည်ပသို့ ကြံတင်ပို့မှုအနေဖြင့် တန်ချိန် ၆၃,၀၀၀ တန် တင်ပို့နိုင်ပြီး အမေရိကန် ဒေါ်လာ ၃.၂ သန်းရရှိခဲ့။
- ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုအနေဖြင့် တန်ချိန် ၁,၈၃၆,၁၅၅ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၆၇၉ သန်းရရှိခဲ့။
- ကဏန်းတန်ချိန် ၅,၈၄၂.၄၃၈ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၄,၇၅၆ သန်း နှင့် ငါးရှဉ့်တန်ချိန် ၉,၇၃၉.၄ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၅ သန်းရရှိခဲ့။
- ယခုနှစ် ထောပတ်သီးရာသီချိန်တွင် ပြည်ပသို့ လေကြောင်းကုန်သွယ်မှုမှတစ်ဆင့် ထောပတ်သီးတန်ချိန် ၁၀၀ တင်ပို့နိုင်ခဲ့။
Add new comment