ရုရှား - မြန်မာချစ်ကြည်ရေးအသင်းနှင့် ပြည်တွင်းစီးပွားရေးကုမ္ပဏီများ၊ လုပ်ငန်းရှင်များအကြား နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုး

    ရခိုင်ပြည်နယ်သံတွဲမြို့ရှိ ငပလီကမ်းခြေဒေသအတွင်း အပန်းဖြေအိမ်ရာစီမံကိန်းနှင့် ခရီးသွားဝန်ဆောင်မှုကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာလုပ်ငန်း သဘောတူစာချုပ်(MoU)နှင့် ကော်ဖီစိုက်ပျိုးထုတ်လုပ် တင်ပို့ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ ၄ ရက်တွင် Pan Pacific Hotel Yangon ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် တာဝန်ရှိသူများက ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ ငပလီကမ်းခြေဒေသအတွင်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ခရီးသွားကဏ္ဍများ တိုးမြှင့်ဆောင်ရွက်သွားနိုင်ရေးကို အထောက်အကူပြုမည့်ကိစ္စ၊ ရုရှား-မြန်မာ ငပလီကမ်းခြေအိမ်ရာစီမံကိန်းစတင်အကောင်အထည်ဖော်ရေး၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်တင်ပို့ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြပြီး နှစ်ဖက်သဘောတူစာချုပ်(MoU)များ လက်မှတ်ရေးထိုးခဲ့ကြပါသည်။

အခမ်းအနားသို့ ရုရှား-မြန်မာချစ်ကြည်ရေးအသင်း(RUSSIA-MYANMAR ASSOC- IATION FOR FRIENDSHIP & COOPERATION, RMAFC)ဥက္ကဋ္ဌ မစ္စတာအန်နာသိုလီဘူးလော့ချ်နိကော့ ဦးဆောင်သော ရုရှားနိုင်ငံမှ စီးပွားရေးပညာရှင်များပါဝင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်များ၊ Treasure of Ngapali Development Co.,Ltd မှ အမှုဆောင်အရာရှိချုပ်နှင့် အုပ်ချုပ်မှုဒါရိုက်တာအဖွဲ့ဝင်များ၊ Shwin Pyaw Pyaw Trading Co.,Ltd တို့မှ အုပ်ချုပ်မှုဒါရိုက်တာနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၂-၂၀၂၃)

 

  • ရုရှား - မြန်မာချစ်ကြည်ရေးအသင်းနှင့် ပြည်တွင်းစီးပွားရေးကုမ္ပဏီများ၊ လုပ်ငန်းရှင်များအကြား နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခြင်းအခမ်းအနားတွင်-
    • ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ ငပလီကမ်းခြေဒေသအတွင်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ခရီးသွားကဏ္ဍများ တိုးမြှင့်ဆောင်ရွက်သွားနိုင်ရေးကို အထောက်အကူပြုမည့်ကိစ္စရပ်များ။
    • ရုရှား-မြန်မာ ငပလီကမ်းခြေအိမ်ရာစီမံကိန်းစတင်အကောင်အထည်ဖော်ရေး၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်တင်ပို့ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြပြီး နှစ်ဖက်သဘောတူစာချုပ်(MoU)များ လက်မှတ်ရေးထိုးခဲ့။

Add new comment