သီရိလင်္ကာဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ (၇၅)နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၃ ရက်တွင် ရန်ကုန်မြို့ Pan Pacific Hotel ၌ ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာဒီမိုကရက်တစ်သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Joyasingbe Mudhiyan selage Janaka Priyantha Bandara နှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Nikolay LisTopaDov နှင့် တာဝန်ရှိသူများက ဆီမီးထွန်းညှိပေးခဲ့ကြပါသည်၊၊
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာဒီမိုကရက်တစ်သမ္မတနိုင်ငံသံအမတ်ကြီးနှင့် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုတို့က နှုတ်ခွန်းဆက်စကားပြောကြားကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြပါသည်၊၊ ဆက်လက် ၍ သံအမတ်ကြီးနှင့် ဇနီးတို့က ဧည့်ခံပွဲသို့တက်ရောက်လာကြသူများကို ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံပြီး သီရိလင်္ကာဒီမိုကရက်တစ်သမ္မတနိုင်ငံယဉ်ကျေးမှုအကအဖွဲ့ဝင်များက ယဉ်ကျေးမှုအကများဖြင့် ကပြ ဖျော်ဖြေခဲ့ကြပါသည်၊၊
အဆိုပါအခမ်းအနားသို့ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၂-၂၀၂၃)
- သီရိလင်္ကာဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ (၇၅)နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားကို ရန်ကုန်မြို့ Pan Pacific Hotel ၌ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် ဇနီးတို့က ဧည့်ခံပွဲသို့ တက်ရောက်လာကြသူများကို ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့။
Add new comment