နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေကြေညာထားသည့်ကာလအား ဆက်လက်သက်တမ်းတိုးမှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီညွတ်ကြောင်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက သဘောထားပြန်ကြား

      လက်ရှိဖြစ်ပေါ်နေသောအခြေအနေသည် သာမန်မဟုတ်သည့် အခြေအနေဖြစ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက တစ်ကြိမ်လျှင် (၆) လအထိ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှစ၍ ဆက်လက်သက်တမ်းတိုးမြှင့်ပေးခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှုရှိကြောင်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ယာယီသမ္မတထံသို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်တွင် သဘောထားပြန်ကြားခဲ့ပါသည်။

သဘောထားထုတ်ပြန်ချက်

လက်ရှိဖြစ်ပေါ်နေသောအခြေအနေများသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၆ အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တာဝန်များပြီးမြောက်ဖြစ်ကြောင်း အစီရင်ခံတင်ပြရမည့်အခြေအနေမဟုတ်သေးသည့်အပြင် သာမန် မဟုတ်သည့် အခြေအနေဖြစ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရသာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေကြေညာထားသည့် ကာလအား ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၂၅ အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက တစ်ကြိမ်လျှင် (၆) လအထိ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှစ၍ ဆက်လက်သက်တမ်း တိုးမြှင့်ပေးခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ၊ မရှိကို ယာယီသမ္မတက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ သဘောထားတောင်းခံခဲ့ကြောင်း၊ ယင်းသို့ သဘောထားတောင်းခံမှုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ဆက်စပ်စကားရပ်များကို ထောက်ရှု၍ လက်ရှိဖြစ်ပေါ်နေသော အခြေအနေသည် သာမန်မဟုတ်သည့် အခြေအနေဖြစ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက တစ်ကြိမ်လျှင်(၆)လအထိ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေမှစ၍ ဆက်လက်သက်တမ်းတိုးမြှင့်ပေးခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှုရှိကြောင်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ယာယီသမ္မတထံသို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်တွင် သဘောထားပြန်ကြားခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

နေပြည်တော်

ရက်စွဲ၊ ၂ဝ၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်

သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၂-၂-၂၀၂၃)

 

 

  • နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေကြေညာထားသည့်ကာလအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက တစ်ကြိမ်လျှင် () လအထိ ဆက်လက်သက်တမ်း တိုးမြှင့်ပေးခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ၊ မရှိကို ယာယီသမ္မတက နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးသို့ သဘောထားတောင်းခံခဲ့။
  • ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ရက်မှစ၍ ဆက်လက်သက်တမ်းတိုးမြှင့်ပေးခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှုရှိကြောင်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ယာယီသမ္မတထံသို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်တွင် သဘောထားပြန်ကြားခဲ့။

Add new comment