နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အစိုးရအဖွဲ့ပြင်ဆင်ဖွဲ့စည်းသည့် အမိန့်များ ထုတ်ပြန်

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားအတွက် ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်ဖြစ်ထွန်းရေးကို ရည်မှန်းဆောင်ရွက်နိုင်ရန်အလို့ငှာ ဖေဖော်ဝါရီလ ၁ ရက်တွင်-

  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမိန့်အမှတ်၊ ၅/၂၀၂၃ အရနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြင်ဆင်ဖွဲ့စည်းခြင်း။
  • အမိန့်အမှတ်၊ ၆/၂၀၂၃ အရ ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း။
  • အမိန့်အမှတ်၊ ၇/၂၀၂၃ အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဗဟိုအကြံပေးအဖွဲ့ ဖွဲ့စည်းခြင်း။
  • အမိန့်အမှတ်၊ ၈/၂၀၂၃ အရ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးခြင်း။
  • အမိန့်အမှတ်၊ ၉/၂၀၂၃ အရ အဂတိလိုက်စားမှူးတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးခြင်း။
  • အမိန့်အမှတ်၊ ၁၀/၂၀၂၃ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ်တာဝန်ပေးခြင်း။
  • အမိန့်အမှတ်၊ ၁၁/၂၀၂၃ အရ ပြောင်းရွှေ့တာဝန်ပေးခြင်း။
  • အမိန့်အမှတ်၊ ၁၂/၂၀၂၃ အရ တာဝန်မှအနားယူခွင့်ပြုခြင်း။
  • အမိန့်အမှတ်၊ ၁၃/၂၀၂၃ အရ တာဝန်မှအနားယူခွင့်ပြုခြင်းတို့အား ထုတ်ပြန်ခဲ့ပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၂-၂၀၂၃)

 

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဖေဖော်ဝါရီလ ၁ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီပြင်ဆင်ဖွဲ့စည်းခြင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟို အကြံပေးအဖွဲ့ ဖွဲ့စည်းခြင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးခြင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးခြင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် များ ခန့်အပ်တာဝန်ပေးခြင်း၊ ပြောင်းရွှေ့တာဝန်ပေးခြင်းနှင့် တာဝန်မှအနားယူခွင့်ပြုခြင်းအမိန့်များအား ထုတ်ပြန်ခဲ့။

Add new comment