နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အတည်ပြုလက်မှတ်ရေးထိုးထုတ်ပြန်

      ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးကို ဇန်နဝါရီလ ၃၁ ရက်တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် ကော်မရှင်အဖွဲ့ဝင်များ စုံညီစွာတက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေး၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ရေးဆွဲညှိနှိုင်းစိစစ်ပြီးဖြစ်သည့် “နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများ”ကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက် ရက်စွဲဖြင့်-

  • ကြေညာချက်အမှတ် (၁/၂၀၂၃) နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေကိုလည်းကောင်း၊
  • ကြေညာချက်အမှတ် (၂/၂၀၂၃) နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ကိုလည်းကောင်း၊
  • ကြေညာချက်အမှတ် (၃/၂၀၂၃) နိုင်ငံရေးပါတီဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ကိုလည်းကောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။

အဆိုပါအစည်းအဝေး၌ ရွေးကောက်ပွဲနှင့်စပ်လျဉ်းသော အထွေထွေကိစ္စရပ်များကို အဖွဲ့ဝင်များက ဆွေးနွေးတင်ပြကြပြီး ကော်မရှင်ဥက္ကဋ္ဌက ဆွေးနွေးချက်များ အပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၂-၂၀၂၃)

 

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ရေးဆွဲညှိနှိုင်းစိစစ်ပြီးဖြစ်သည့်နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက် ရက်စွဲဖြင့်ထုတ်ပြန်ကြေညာခဲ့။

Add new comment