နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

     မြန်မာနိုင်ငံအတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်လျှောက်ထားသူများအား နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ်ဖြင့် စိစစ်သုံးသပ်၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည် ဖော်ရေးဗဟိုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၃၀ ရက် တွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဗဟိုကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က-

  • နိုင်ငံခြားသားအမြဲနေထိုင်ခွင့်လျှောက်ထားနိုင်သည့်  PR အမျိုးအစား လေးမျိုးရှိပြီး ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်မှစ၍ လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်အထိ မိသားစုအပါအဝင် လျှောက်ထားသူ စုစုပေါင်း ၇၄၅ ဦးရှိပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ အတည်ပြု ခွင့်ပြုပေးခဲ့သူ မိသားစုအပါအဝင် ၆၆၉ ဦးရှိပြီဖြစ်ကြောင်း။
  • PR နည်းဥပဒေအရ ငြင်းပယ်ခဲ့သူ ၇ ဦးရှိပြီး လျှောက်ထားခြင်းကို ပြန်လည်ပယ်ဖျက်ခွင့်ပြုရန် လျှောက်ထားသူ ၁ ဦး၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေချိန် လေကြောင်းလိုင်းများ ပိတ်ထားသည့်အတွက် ဗဟိုကော်မတီမှ လူတွေ့စစ်ဆေးရန်ကျန်ရှိသူ မိသားစုအပါအဝင် ၄၈ ဦးရှိကြောင်း။
  • ယခုပြုလုပ်သည့် အစည်းအဝေးတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက်က နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီမှ ပဏာမစိစစ်ပြီးဖြစ်သည့် မိသားစုအပါအဝင် လျှောက်ထားသူ ၂၀ ကို ဗဟိုကော်မတီ အနေဖြင့် စိစစ်သုံးသပ်ဆွေးနွေးကြရန်ဖြစ်ကြောင်း။
  • နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ်သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံအတွက် နိုင်ငံခြားငွေရရှိရေးနှင့် ရေရှည်အကျိုးစီးပွားဖြစ်ထွန်းရေးတို့အတွက် များစွာအထောက်အကူပြုသော်လည်း နိုင်ငံတော်လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားကို ထိခိုက်မှုမရှိစေရေးတို့အတွက် ဗဟိုကော်မတီဝင်များအနေဖြင့် အဘက်ဘက်မှ စဉ်းစားသုံးသပ်ကာ လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုနိုင်ရေးအတွက် စိစစ်သုံးသပ်အကြံပြုဆွေးနွေးကြရန် တိုက်တွန်းကြောင်း ရှင်းလင်းပြောကြားခဲ့။

မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ် (PR System) ကို ကျွမ်းကျင်ပညာရှင်၊ ရင်းနှီးမြှုပ်နှံလိုသည့် စီးပွားရေးလုပ်ငန်းရှင်၊ အခြားနိုင်ငံသားခံယူထားပြီး မိမိနိုင်ငံအကျိုးကို အထောက်အကူပြုမည့် မြန်မာနိုင်ငံသားဟောင်းနှင့် မြန်မာနိုင်ငံသားနှင့် သွေးချင်း ဆက်စပ်သူ နိုင်ငံခြားသားဟူ၍ အမျိုးအစားလေးမျိုးဖြင့် စိစစ်ခွင့်ပြုဆောင် ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၁-၁-၂၀၂၃)

 

  • နိုင်ငံခြားသားအမြဲနေထိုင်ခွင့်လျှောက်ထားနိုင်သည့်  PR အမျိုးအစားလေးမျိုးရှိပြီး ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်မှစ၍ လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်အထိ မိသားစုအပါအဝင် လျှောက်ထားသူ စုစုပေါင်း ၇၄၅ ဦးရှိပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ အတည်ပြုခွင့်ပြုပေးခဲ့သူ မိသားစုအပါအဝင် ၆၆၉ ဦးရှိပြီဖြစ်။

Add new comment