တပ်မတော်ဆေးရုံတွင် ဒုတိယအကြိမ်အသည်းအစားထိုးခွဲစိတ်ကုသမှုဆောင်ရွက်

      တပ်မတော်ဆေးရုံတွင် ပထမအကြိမ်အသည်းအစားထိုးခွဲစိတ်ကုသမှုကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် အသည်းအစားထိုးလူနာ ၂ ဦးအား အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး ယခုအခါ ဒုတိယအကြိမ်အသည်းအစားထိုးလူနာ ၃ ဦးအား အသည်းအစားထိုးခွဲစိတ်ကုသမှုကို ဇန်နဝါရီလ ၃၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) ရှိ အထူးကုသမှုစင်တာ၌ ပြုလုပ်ခဲ့ပါသည်။

အသည်းအစားထိုးခွဲစိတ်ကုသမှုကို တပ်မတော်မှအသည်းအစားထိုးခွဲစိတ်ကုသမှုအဖွဲ့နှင့် အိန္ဒိယနိုင်ငံမှ အသည်းအစားထိုးခွဲစိတ်ကုသမှုအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး အဆိုပါခွဲစိတ်ကုသမှုအဖြစ် အရာခံဗိုလ် သိန်းသန်းကျော်၏ဇနီး ဒေါ်ဌေးဌေးနှင့် ၎င်း၏အသည်း အလှူရှင်ဖြစ်သော မောင်ရှိန်းသူနိုင်တို့ကို ခွဲစိတ်ကုသဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။

အသည်းအစားထိုးခွဲစိတ်ကုသမှုဆောင်ရွက်ရာတွင် အသည်းအလှူရှင်လူနာထံမှ အသည်းထုတ်ယူခြင်းကို နံနက် ၁၀ နာရီခွဲအချိန်တွင်စတင်ခဲ့ပြီး ထုတ်ယူရရှိသော အသည်းကို ညနေ ၅ နာရီခွဲအချိန်ခန့်တွင် အသည်းလက်ခံလူနာထံသို့ အသည်းအစား ထိုးခြင်းဆောင်ရွက်ခဲ့ ကာ စုစုပေါင်းခွဲစိတ်ချိန် ၁၁ နာရီခန့်ကြာမြင့်၍ အသည်းအလှူရှင်လူနာနှင့် အသည်းလက်ခံလူနာများ၏ ခွဲစိတ်ပြီးနောက်ပိုင်း ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပါသည်။ ယခုအချိန်တွင် အထူးကြပ်မတ်ကုသခန်း၌ လိုအပ်သော ပြုစုကုသမှုများကို သက်ဆိုင်ရာ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု/ကျွမ်းကျင်သူများက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၁-၁-၂၀၂၃)

 

  • ဒုတိယအကြိမ်အသည်းအစားထိုးခွဲစိတ်ကုသမှုကို ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)ရှိ အထူးကုသမှုစင်တာ၌ ပြုလုပ်ခဲ့ရာ စုစုပေါင်းခွဲစိတ်ချိန် ၁၁ နာရီခန့်ကြာမြင့်၍ အသည်းအလှူရှင် လူနာနှင့် အသည်း လက်ခံလူနာများ၏ ခွဲစိတ်ပြီးနောက်ပိုင်း ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိ။

Add new comment