ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားကိုးကွယ်ရန် ဆောင်ရွက်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက်ဗဟိုဌာနတွင် ဌာပနာတော်သွင်းလှူပူဇော်ခြင်း မဟာ မင်္ဂလာအခမ်းအနားကို ဇန်နဝါရီလ ၂၇ ရက်တွင် အဆိုပါဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မည့် ရတနာပလ္လင်တော်နေရာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
မင်္ဂလာအခမ်းအနားတွင် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဦးဆောင်၍ ဘုရားဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များ စုပေါင်းလှူဒါန်းထားသည့် ဗုဒ္ဓမြတ်စွာဘုရား၏ ဇာတာတော်များ၊ အဖိုးတန်ရွှေငွေ ကျောက်သံပတ္တမြားများ၊ နိုင်ငံတကာမှ ငွေဒင်္ဂါးပြားများကို ဌာပနာရွှေသေတ္တာတော်များအတွင်းသို့ ထုံးတမ်းစဉ်လာများနှင့်အညီ ထည့်သွင်း၍ နံ့သာမှုန့်များ ပက်ဖျန်းပူဇော်ခဲ့ပြီးနောက် မင်္ဂလာအချိန်တော်တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် ဗဟိုဌာနနေရာရှိ ဌာပနာတိုက်တော်များအတွင်းသို့ သွင်းလှူပူဇော်ခဲ့ကြပါသည်။ ဆက်လက်၍ ပါဠိဆရာတော်ကြီးနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်တို့သည် ဌာပနာတော်တိုက်များအား နံ့သာရည်များ ပက်ဖျန်းပူဇော်ကြပြီးနောက် ဌာပနာတော်သွင်းလှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားအောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြပါသည်။
အဆိုပါမင်္ဂလာအခမ်းအနားသို့ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ်၊ မင်္ဂလာဇေယျုံကျောင်းတိုက်ပဓာနနာယက မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေး ဩဝါဒါစရိယဆရာတော် အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဘုရားဒါယကာများ တက်ရောက်ကြည်ညိုခဲ့ကြပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၁-၂၀၂၃)
- ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဦးဆောင်၍ ဘုရားဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များ စုပေါင်းလှူဒါန်းထားသည့် ဗုဒ္ဓမြတ်စွာဘုရား၏ ဇာတာတော်များ၊ အဖိုးတန်ရွှေငွေ ကျောက်သံပတ္တမြားများ၊ နိုင်ငံတကာမှ ငွေဒင်္ဂါးပြားများကို ဌာပနာရွှေသေတ္တာတော်များအတွင်းသို့ ထုံးတမ်းစဉ်လာများနှင့်အညီ ထည့်သွင်း၍ နံ့သာမှုန့်များ ပက်ဖျန်းပူဇော်ခဲ့ပြီးနောက် မင်္ဂလာအချိန်တော်တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် ဗဟိုဌာနနေရာရှိ ဌာပနာတိုက်တော်များအတွင်းသို့ သွင်းလှူပူဇော်ခဲ့။
Add new comment