နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၃)သို့ တက်ရောက်အမှာစကားပြောကြား

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇန်နဝါရီလ ၂၇ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့အစည်း အဝေးအမှတ်စဉ် (၁/၂၀၂၃) သို့ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်-

  • ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် စည်းကမ်းမဲ့ မဲပေးမှုနှင့် မဲမသမာမှုများကိုအခြေခံ၍ ပေါ်ပေါက်လာသည့် CRPH၊ NUG နှင့် PDF အကြမ်းဖက်သမားများက အပြစ်မဲ့ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများအပေါ် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေမှု၊ နိုင်ငံရေးသဘောထားကွဲလွဲမှုကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံရေးမတည်ငြိမ်မှုများကို နိုင်ငံတော်အစိုးရက ဥပဒေနှင့်အညီ ထိန်းထိန်းသိမ်းသိမ်းဖြင့် ဖြေရှင်းဆောင်ရွက်လျက်ရှိမှုနှင့် နိုင်ငံ၏စီးပွားရေး ဖြစ်ပေါ် ပြောင်းလဲလာမှုတို့ကို အကျယ်တဝင့် ရှင်းလင်ပြောကြားခဲ့။
  • စီးပွားရေးနှင့်ပတ်သက်၍ ယခင်အစိုးရ၏စီမံခန့်ခွဲမှုအားနည်းခဲ့ခြင်းနှင့် ကိုဗစ်-၁၉ရောဂါဖြစ်ပွားခဲ့ခြင်းတို့ကြောင့် ၂၀၁၈ ခုနှစ်မှစ၍ နိုင်ငံ၏စီးပွားရေးမှာ ကျဆင်းမှုဖြစ်ပေါ်ခဲ့ပြီး မိမိတို့အစိုးရတာဝန်ယူပြီးနောက်ပိုင်းတွင် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်စေရေး အားပေးဆောင်ရွက်ခဲ့ရာ ယခုအခါ မိမိတို့နိုင်ငံ၏ စီးပွားရေးကဏ္ဍမှာ ပြန်လည်ဦးမော့လာပြီဖြစ်ကြောင်း။
  • ကုန်ထုတ်လုပ်မှုအတွက် လိုအပ်သည့် ကုန်ကြမ်းများနှင့် သွင်းအားစုများကို ဈေးနှုန်းသက်သာစွာဖြင့်ရရှိရန်နှင့် လူသားအရင်းအမြစ်များကိုလည်း လုံလောက်စွာရရှိအောင် ဆောင်ရွက်ပေးရန်လိုပြီး ထုတ်လုပ်မှုကုန်ကျစရိတ်များကို လျှော့ချပေးနိုင်မည် ဆိုပါက ကုန်ဈေးနှုန်း ကျဆင်းလာမည်ဖြစ်ကြောင်း။
  • မိမိတို့နိုင်ငံသည် ယခုအချိန်အထိ လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိသော်လည်း ပြည်ပနိုင်ငံများ၏ မိမိတို့ နိုင်ငံအပေါ်ထားရှိသည့် နိုင်ငံရေးသဘောထားများကွဲလွဲမှုနှင့် အချို့နိုင်ငံများ၏ ကြားဝင်စွက်ဖက်မှု၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် မြန်မာနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ပေါ်ခြင်းများရှိခဲ့ကြောင်း။
  • မိမိတို့နိုင်ငံတွင် ပညာရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်ချက်များရှိနေသေးသည်ကို ကိန်းဂဏန်းအချက်အလက်များအရသိရှိရသဖြင့် ပြည်သူများ၏ ပညာရေးဖွံ့ဖြိုးစေရေး မဖြစ်မနေအားပေးမြှင့်တင်ရမည်ဖြစ်ပြီး ပညာရေးပြုပြင်ပြောင်းလဲမှုများ ကိုမဖြစ်မနေ ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
  • ကျန်းမာရေး၊ ပညာရေးတို့နှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ပျမ်းမျှလူ့သက်တမ်းသည် အသက် ၇၀ သာရှိသော်လည်း အိမ်နီးချင်းနိုင်ငံများဖြစ်သည့် လာအိုနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည့် မိမိတို့နိုင်ငံထက်မြင့်ကြောင်း။
  • ကျန်းမာရေးကောင်းမွန်စေရန် စားရေးနှင့်နေထိုင်ရေးအဆင်ပြေစေရန် လိုအပ်ပြီး လူနေမှုစနစ်မြှင့်တင်နိုင်မှသာ ကျန်းမာရေးသည်လည်း မြင့်တက်လာမည် ဖြစ်ကြောင်း။
  • လူနေမှုစနစ်မြှင့်တင်နိုင်ရန် စီးပွားရေးကောင်းမွန်အောင်လုပ်ဆောင်ရမည်ဖြစ်သလို စီးပွားရေးတိုးတက်စေရန်လည်း အတန်းပညာ၊ အတတ်ပညာများ တိုးတက်အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း။
  • ထို့ကြောင့် ပညာရေးအတွက် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် စက်မှုစိုက်ပျိုးမွေးမြူရေး ကျောင်း ၅၀ အား ပထမဆုံးအနေဖြင့်  ခရိုင်အလိုက်ဖွင့်ပေးမည်ဖြစ်ပြီး  ထိုမှတစ်ဆင့် အဓိကကျသည့် မြို့နယ်များ၌ပါ စာသင်ကျောင်းများ တိုးချဲ့ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း။
  • မိမိတို့အတွက် အကြီးမားဆုံးစိန်ခေါ်မှုမှာ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ဖြစ်ပြီး ယခင်အစိုးရအဆက်ဆက်ကတည်းက ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အချို့စီမံကိန်းများရပ်တန့်ခဲ့ရပြီး အချို့စီမံကိန်းများဖျက်သိမ်းခံခဲ့ရကြောင်း။
  • မိမိတို့အနေဖြင့် လျှပ်စစ်ဓာတ်အားများလုံလောက်စွာ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ၂၀၂၅ ခုနှစ်တွင် လျှပ်စစ်ဓာတ်အားလုံလောက်စွာ ရရှိနိုင်ရေး ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိကြောင်း။
  • လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိမှသာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ အများသုံးသယ်ယူပို့ဆောင်ရေးစနစ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်သလို သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၌ လျှပ်စစ်ဓာတ်အားများကို အသုံးပြုဆောင်ရွက် မည်ဆိုပါက စက်သုံးဆီသုံးစွဲမှုကို များစွာလျှော့ချနိုင်မည်ဖြစ်သောကြောင့် နိုင်ငံခြားငွေသုံးစွဲမှုများ လျော့ကျသွားမည်ဖြစ်ကြောင်း။
  • နိုင်ငံရေးနှင့်ပတ်သက်၍ ပါတီစုံဒီမိုကရေစီစနစ်ဖြင့် ဆောင်ရွက်နေမှုအပေါ် တပ်မတော်အနေဖြင့် လက်ခံသဘောတူညီပြီး ဆက်လက်၍လည်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
  • ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးသည် နိုင်ငံရေးရည်မှန်းချက်ဖြစ်ပြီး အမျိုးသားရေးရည်မှန်းချက်အဖြစ် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ဖြစ်ကြောင်း။
  • လူသားအရင်းအမြစ်များမွေးထုတ်ရာတွင်လည်း ယခုခေတ်သည် နည်းပညာခေတ်ဖြစ်သည်နှင့်အညီ ခေတ်မီနည်းပညာများကို တတ်ကျွမ်းသည့် ပညာတတ်များကို သက်ဆိုင်ရာတက္ကသိုလ်များမှ သင်ကြားမွေးထုတ်ပေးနိုင်ရန်လိုကြောင်း။
  • နေပြည်တော်နှင့်ပတ်သက်၍ နေပြည်တော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြဋ္ဌာန်းထားသည့် နိုင်ငံ၏မြို့တော်ဖြစ်ပြီး နိုင်ငံတော်၏ အုပ်ချုပ်ရေးမြို့တော်ဖြစ်၍ ရန်ကုန်မြို့သည် စီးပွားရေးမြို့တော်၊ ကုန်သွယ်ရေးမြို့တော်ဖြစ်ကြောင်း။
  • နေပြည်တော်ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံတော်အစိုးရမှ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ဝန်ကြီးဌာနများအနေဖြင့်လည်း နိုင်ငံ့၏မြို့တော်ဖြစ်သည့် နေပြည်တော်ကို မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်ပြည့်စုံမှုရှိစေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး ရန်လိုကြောင်းမှာကြားခဲ့။

အဆိုပါစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၁-၂၀၂၃)

 

  • ၂၀၁၈ ခုနှစ်မှစ၍ နိုင်ငံ၏စီးပွားရေးမှာ ကျဆင်းမှုဖြစ်ပေါ်ခဲ့ပြီး မိမိတို့အစိုးရတာဝန်ယူပြီး နောက်ပိုင်းတွင် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်စေရေး အားပေးဆောင်ရွက်ခဲ့ရာ ယခုအခါ မိမိတို့နိုင်ငံ၏ စီးပွားရေးကဏ္ဍမှာ ပြန်လည်ဦးမော့လာပြီဖြစ်။
  • ကုန်ထုတ်လုပ်မှုအတွက် လိုအပ်သည့် ကုန်ကြမ်းများနှင့် သွင်းအားစုများကို ဈေးနှုန်းသက်သာစွာဖြင့်ရရှိရန်နှင့် လူသားအရင်းအမြစ်များကိုလည်း လုံလောက်စွာရရှိအောင် ဆောင်ရွက်ပေးရန်လို။
  • မိမိတို့နိုင်ငံသည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိသော်လည်း ပြည်ပနိုင်ငံများ၏ မိမိတို့နိုင်ငံအပေါ်ထားရှိသည့် နိုင်ငံရေးသဘောထားများကွဲလွဲမှုနှင့် အချို့နိုင်ငံများ၏ ကြားဝင်စွက်ဖက်မှု၊ သွေးထိုး လှုံ့ဆော်မှုများကြောင့် မြန်မာနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုများဖြစ်ပေါ်ခဲ့။
  • ကျန်းမာရေးကောင်းမွန်စေရန် စားရေးနှင့်နေထိုင်ရေးအဆင်ပြေစေရန်လိုအပ်ပြီး လူနေမှုစနစ်မြှင့်တင်နိုင်မှသာ ကျန်းမာရေးသည်လည်းမြင့်တက်လာမည်ဖြစ်။
  • ပညာရေးအတွက် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် စက်မှုစိုက်ပျိုးမွေးမြူရေးကျောင်း ၅၀ အား ပထမဆုံးအနေဖြင့် ခရိုင်အလိုက်ဖွင့်ပေးမည်ဖြစ်ပြီး ထိုမှတစ်ဆင့် အဓိကကျသည့် မြို့ နယ်များ၌ပါ စာသင်ကျောင်းများ တိုးချဲ့ဖွင့်လှစ်ပေးမည်ဖြစ်။
  • ယခင်အစိုးရအဆက်ဆက်ကတည်းက ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အချို့ စီမံကိန်းများရပ်တန့်ခဲ့ရပြီး အချို့စီမံကိန်းများဖျက်သိမ်းခံခဲ့ရ။
  • နိုင်ငံရေးနှင့်ပတ်သက်၍ ပါတီစုံဒီမိုကရေစီစနစ်ဖြင့် ဆောင်ရွက်နေမှုအပေါ် တပ်မတော်အနေဖြင့် လက်ခံသဘောတူညီပြီး ဆက်လက်၍လည်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်။
  • နေပြည်တော်ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံတော်အစိုးရမှ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ဝန်ကြီးဌာနများအနေဖြင့်လည်း နိုင်ငံ့၏ မြို့တော်ဖြစ်သည့် နေပြည်တော်ကို မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်ပြည့်စုံမှုရှိစေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး ရန်လို။

Add new comment