မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့ ၉၀ ဒီဂရီ ပင့်ထောင်ပူဇော်ပြီးစီး

 

    မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း (//) တို့ကို တွဲဆက်ထားသည့် ဆင်းတုတော်အစိတ်အပိုင်းကြီးအား သံမဏိမျှော်စင်ဝန်ချီစက် အသုံးပြု၍ ရတနာပလ္လင်တော်ထက်သို့ စတင်ပင့်ထောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနား ကို ဇန်နဝါရီလ ၂၆ ရက်တွင် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ဗန်းမော်ကျောင်းတိုက်ဆရာတော်နှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏အဓိပတိ ရွှေကျင်နိကာယ ဥက္ကဋ္ဌ ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ဘုရားကြီးတို့ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော စေတနာရှင်၊ အလှူရှင်များဖြင့် ဇန်နဝါရီလ ၂၆ ရက် နံနက် နာရီ ၁၀ မိနစ်မှ စတင်ကျင်းပခဲ့ရာ-

  • ဇန်နဝါရီလ ၂၇ ရက် ၁၂ နာရီအချိန်အထိ ရတနာပလ္လင်တော်ထက်သို့ ၅၁ ဒသမ ဒီဂရီ ပင့်ထောင်ပူဇော်ပြီးစီးပြီဖြစ်။
  • ဇန်နဝါရီလ ၂၈ ရက် ၁၂ နာရီအချိန်အထိ ရတနာပလ္လင်တော်ထက်သို့ ၆၈ ဒသမ ဒီဂရီ ပင့်ထောင်ပူဇော်ပြီးစီးပြီဖြစ်။
  • ဇန်နဝါရီလ ၂၉ ရက် နံနက် နာရီအချိန်အထိ ရတနာပလ္လင်တော်ထက်သို့ ၉၀ ဒီဂရီ ပင့်ထောင်ပူဇော်ပြီးစီးပြီဖြစ်ကာ ဆင်းတုတော်အစိတ်အပိုင်းကြီးအား ပင့်ထောင်ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် အချိန်အားဖြင့် ၇၂ နာရီ ၅၀ မိနစ် ကြာမြင့်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို အပိုင်း()ပိုင်းအား CNC စက်တည်ဆောက်၍ ထုဆစ်ခြင်းလုပ်ငန်းနှင့် အပိုင်း(၁၊ ၂၊ ) တွဲဆက်ခြင်းလုပ်ငန်း များ ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်၍ ပင့်ထောင်ခြင်းနှင့် ရတနာပလ္လင်တော်ထက်သို့  ပင့်ဆောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

ထုဆစ်ပြီးစီးသည့် ဆင်းတုတော်ကြီးများကို တွဲဆက်ပြီးနောက် ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်နိုင်ရန်အတွက် ဝန်ချီစက်()လုံးပါ သံမဏိမျှော်စင်တည်ဆောက်ခြင်း၊ ဆင်းတုတော်ပင့်ဆောင်ရာတွင် ထုဆစ်ပြီးကျောက်သားများ ထိခိုက်မှုမရှိစေရန် သံမဏိပန်းတောင်းတည်ဆောက်ခြင်းတို့ကို အချိန်အားဖြင့် ()ကြာပြီး သံထည်ပစ္စည်း တန်ချိန်အားဖြင့် ,၈၀၀ တန် အသုံးပြု၍ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့်ပူးပေါင်းကာ တပ်မတော်သားအင်ဂျင်နီယာများက တည်ဆောက်ခဲ့ပါသည်။

မြန်မာနိုင်ငံတွင် ယခုကဲ့သို့ကြီးမားလေးလံသည့်ပစ္စည်းကို မတင်ရွှေ့ပြောင်းဖူးသည့်နည်းပညာ၊ အတွေ့အကြုံနှင့် စက်ယန္တယားများ အသုံးမပြုခဲ့ဖူးသော်လည်း ယခုမာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာတွင် သက်ဆိုင်ရာလုပ်ငန်းအင်ဂျင်နီယာအသီးသီးတို့၏ အတွေ့အကြုံများဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းပြီး ဒီဇိုင်းရေးဆွဲ တွက်ချက်ခြင်း၊ စစ်ဆေးခြင်းတို့တွင် ခေတ်မီနည်းပညာများကို အသုံးပြုတွက်ချက်၍ တည်ဆောက်ခဲ့ပါသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(//)တို့ကို တွဲဆက်ထားသည့် ဆင်းတုတော်အစိတ်အပိုင်းကြီးနှင့် ဆင်းတုတော်ထည့်သွင်းထားသည့် သံမဏိရတနာ ပန်းတောင်းတော်တို့၏ အလေးချိန် ,၃၆၇ ဒသမ တန်တို့အား သံမဏိ မျှော်စင်တွင် ဝန်ချီစက် လုံးတို့က ပင့်ဆောင်ထားလျက်ရှိပြီး ဆင်းတုတော်အစိတ်အပိုင်းကြီးအား ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်နိုင်ရေးလုပ်ငန်းစဉ်အလိုက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အများပြည်သူများ စိတ်နှလုံးငြိမ်းအေးချမ်းသာစွာ လာရောက် ဖူးမြော်နိုင်စေရန်၊ တရားဘာဝနာများ အေးချမ်းစွာပွားများအားထုတ်နိုင်စေရန်နှင့် မြတ်ဗုဒ္ဓ၏ နှုတ်ကပါဌ်တော် ပိဋကတ်သုံးပုံတို့အား လေ့လာဖူးမြော်ကြည်ညိုနိုင်စေရန်တို့ အတွက် တည်ဆောက်ပူဇော်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀--၂၀၂၃)

 

  • မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့ သံမဏိမျှော်စင်ဝန်ချီစက်အသုံးပြု၍ စတင်ပင့်ထောင်ပူဇော်ခြင်းကို ဇန်နဝါရီလ ၂၆ ရက် နံနက်ပိုင်း မှ စတင်ကျင်းပပြုလုပ်ခဲ့ရာ ဇန်နဝါရီလ ၂၉ ရက် နံနက် နာရီအချိန်အထိ ရတနာပလ္လင်တော်ထက်သို့ ၉၀ ဒီဂရီ ပင့်ထောင်ပူဇော်ပြီးစီးပြီဖြစ်ကာ ဆင်းတုတော် အစိတ်အပိုင်းကြီးအား ပင့်ထောင်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် အချိန်အားဖြင့် ၇၂ နာရီ ၅၀ မိနစ် ကြာမြင့်ခဲ့။
  • မြန်မာနိုင်ငံတွင် ယခုကဲ့သို့ကြီးမားလေးလံသည့်ပစ္စည်းကို မတင်ရွှေ့ပြောင်းဖူး သည့်နည်းပညာ၊ အတွေ့အကြုံနှင့် စက်ယန္တယားများ အသုံးမပြုခဲ့ဖူးသော်လည်း ယခု မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာတွင် သက်ဆိုင်ရာလုပ်ငန်းအင်ဂျင်နီယာအသီးသီးတို့၏ အတွေ့အကြုံများဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းပြီး ဒီဇိုင်းရေးဆွဲတွက်ချက်ခြင်း၊ စစ်ဆေးခြင်းတို့တွင် ခေတ်မီနည်းပညာများကို အသုံးပြုတွက်ချက်၍ တည်ဆောက်ခဲ့။
  • မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း (//) တို့ကို တွဲဆက်ထားသည့် ဆင်းတုတော်အစိတ်အပိုင်းကြီးနှင့် ဆင်းတုတော်ထည့်သွင်းထားသည့် သံမဏိရတနာပန်းတောင်းတော်တို့၏ အလေးချိန် ,၃၆၇ ဒသမ တန်တို့အား သံမဏိမျှော်စင်တွင် ဝန်ချီစက် လုံးတို့က ပင့်ဆောင်ထားလျက်ရှိပြီး ဆင်းတုတော် အစိတ်အပိုင်းကြီးအား ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်နိုင်ရေး လုပ်ငန်းစဉ်အလိုက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်။

 

 

Add new comment