PDFအမည်ခံအကြမ်းဖက်သမားများအနေဖြင့် အနာဂတ် လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသော ပညာရေးဆိုင်ရာရုံး/ဌာနများနှင့် စာသင်ကျောင်းများကို လက်လုပ်မိုင်းများဖြင့် မိုင်းထောင် ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံးများပစ်ပေါက်တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိပါသည်။ ထို့သို့ လုပ်ဆောင်ရာတွင် ဇန်နဝါရီလ ၇ ရက်၌-
· မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအရှေ့ရပ်ကွက်၊ (၃၆)လမ်းရှိ မြို့နယ်ပညာရေးမှူးရုံးအား ဆိုင်ကယ်မောင်းနှင်လာသည့် အကြမ်းဖက်သူ အမျိုးသား ၂ ဦးက လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ခြင်းကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အသုံးအဆောင်ပစ္စည်းအချို့ ပျက်စီးခဲ့။
· စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းရှေ့အား အကြမ်းဖက်သမားများက လက်လုပ်မိုင်း ၂ လုံးဖြင့် ဖောက်ခွဲခဲ့ကာ ပေါက်ကွဲမှုကြောင့် ဦးအောင်သူ(၃၂)နှစ် (ဘ)ဦးထွန်းရှင်တွင် ဝဲ/ယာမျက်လုံးအနီး မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက်မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်၊ ဝဲလက်ဖျံ မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်တို့ ရရှိခဲ့။
· လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အဆိုပါအခင်းဖြစ်ပွားရာနေရာအား အသေးစိတ်စစ်ဆေးခဲ့ရာ ဒန်အိုးဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၁ လုံး၊ PVC ပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း ၁ လုံးတို့အား ထပ်မံတွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့။
အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသော NUG အဖွဲ့၏ စီစဉ်စေခိုင်းချက်အရ PDF အကြမ်းဖက်သမားများသည် လုံခြုံရေးအားနည်းနေသော စာသင်ကျောင်းများအား အလစ်အငိုက်ရယူတိုက်ခိုက်ပြီး အနာဂတ်လူငယ်များ၏ ပညာသင်ကြားရေးလုပ်ငန်းများကို အကြမ်းဖက်နှောင့်ယှက်ဟန့်တားလျက်ရှိပါသည်။ နိုင်ငံတကာစံနှုန်းများနှင့် မကိုက်ညီသည့်ပညာရေးကဏ္ဍအား အကြမ်းဖက်တိုက်ခိုက်နေသည့် NUG နှင့် PDF အကြမ်းဖက်သမားများ၏လုပ်ရပ်အား ပြည်သူများက ရွံရှာမုန်းတီးလျက်ရှိပါသည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရှိရပါသည်။
- PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် ပညာရေးဆိုင်ရာရုံး/ဌာနများနှင့် စာသင်ကျောင်းများကို လက်လုပ်မိုင်း များဖြင့် မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံးများပစ်ပေါက်တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိ။
- မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ်ပညာရေးမှူးရုံးအား အကြမ်းဖက်သူ အမျိုးသား ၂ ဦးက လက်လုပ်ဗုံးဖြင့် ပစ်ပေါက် ထွက်ပြေးသွားခဲ့ရာ အသုံးအဆောင်ပစ္စည်းအချို့ ပျက်စီးခဲ့။
- စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းရှေ့အား အကြမ်းဖက် သမားများက လက်လုပ်မိုင်း ၂ လုံးဖြင့် ဖောက်ခွဲခဲ့ကာ ပေါက်ကွဲမှုကြောင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့။
Add new comment