နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဋ္ဌဦးဆောင်သောငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဒုတိယနေ့တွေ့ဆုံဆွေးနွေး

နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS)မှ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ကို ဇန်နဝါရီလ ၂၅ ရက်တွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပခဲ့ပါသည်။  

         ဒုတိယနေ့ဆွေးနွေးပွဲတွင် ပထမနေ့၌ မပြီးပြတ်သေးသည့် ဆက်လက်ဆွေးနွေး ရန်ကိစ္စများ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ နှစ်ဖက်အဆိုပြုချက်များ၊ RCSS မှ အဆို ပြုသည့် ရှမ်းပြည်နယ်ဆိုင်ရာ အခြေခံမူဝါဒ(၃၃)ချက်နှင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ ဘုံသဘောတူညီချက်များကို နှစ်ဖက်အပြန်အလှန် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများက မိမိတို့၏ သဘောထားအမြင်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

         တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်၊ ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်ကြသည့် စဝ်ဆောင်းဟန်၊ စဝ်အုမ်ခေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးရေးကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၁-၂၀၂၃)

  • ဒုတိယနေ့ဆွေးနွေးပွဲတွင် ပထမနေ့၌ မပြီးပြတ်သေးသည့် ဆက်လက်ဆွေးနွေး ရန်ကိစ္စများ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ နှစ်ဖက်အဆိုပြုချက်များ၊ RCSS မှ အဆိုပြုသည့် ရှမ်းပြည်နယ်ဆိုင်ရာ အခြေခံမူဝါဒ(၃၃)ချက်နှင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဘုံသဘောတူညီချက်များကို နှစ်ဖက်အပြန်အလှန် ရှင်းလင်း ဆွေးနွေးခဲ့။

Add new comment