တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်း အောင်မြင့်သည် ဂျပန်-မြန်မာ ယဉ်ကျေးမှုမြှင့်တင်ရေးအဖွဲ့မှ တာဝန်ရှိသူများအား ဇန်န ဝါရီလ ၂၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်း သားကျေးရွာ(ရန်ကုန်)၌ တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံစဉ် ဂျပန်-မြန်မာ ချစ်ကြည်ရေးဆိုင်ရာကိစ္စရပ်များနှင့် ဂျပန်-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ် ဆာကူရာပန်းစိုက်ပျိုးပွဲကျင်းပခြင်း အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေး ရာဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဂျပန်-မြန်မာ ယဉ်ကျေးမှုမြှင့်တင်ရေးအဖွဲ့ ကိုယ်စားလှယ်များသည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)အတွင်းရှိ နန်းမြင့် မျှော်စင်အနီးတွင် ဆာကူရာပန်းပင်များ စိုက်ပျိုးပေးကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၁-၂၀၂၃)
- ပြည်ထောင်စုဝန်ကြီးသည် ဂျပန်-မြန်မာ ယဉ်ကျေးမှုမြှင့်တင်ရေးအဖွဲ့မှ တာဝန်ရှိ သူများအား သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)၌ တွေ့ဆုံခဲ့ပြီး နန်းမြင့်မျှော်စ
Add new comment