တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိဘုရား၊စေတီပုထိုးများနှင့်ဘုန်းတော်ကြီးကျောင်းများ၌စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်

တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ မြို့နယ်များမှ ဘုရား၊ စေတီပုထိုးများသို့ လာရောက်ဖူးမြော်ကြမည့် ရဟန်းသံဃာတော်များနှင့် အများပြည်သူများ စိတ်အေး ချမ်းသာစွာ ဖူးမြော်ကြည်ညိုနိုင်စေရန်နှင့် ဘုရား၊ စေတီပုထိုးများ၏ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရန်အတွက် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံ ပြည်သူများက သန့်ရှင်းရေးလုပ်ငန်းများ ကုသိုလ်ပြု စုပေါင်းဆောင်ရွက်လျက်ရှိပါသည်။

         ဘုရားစေတီပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ် ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ ၂၅ ရက်တွင် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ မြို့နယ် (၈) မြို့နယ်၊ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ် (၇) မြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ မြို့နယ် (၁၄) မြို့နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်းရှိ မြို့နယ် (၃) မြို့နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) အတွင်းရှိ မြို့နယ် (၉) မြို့နယ်၊ မွန်ပြည်နယ်အတွင်းရှိ မြို့နယ် (၃) မြို့နယ်၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်မြို့၊ လေးကျွန်းဆီမီးစေတီတော်မြတ်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် (၈) မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၄) မြို့နယ်၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် (၁၂) မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၁၀) မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၁၂) မြို့နယ်၊ မကွေးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် (၆) မြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ နန်းတော်ဦး လောကမာရဇိန်စေတီမြတ်ကြီးတို့၌ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများတူးဖော်ပေးခြင်း၊ ဘုရား၊ စေတီများနှင့် ရုပ်ပွားတော်များအား ရောင်တော်ဖွင့်ပေးခြင်းနှင့် ထုံးသင်္ကန်းများဆက်ကပ်ခြင်းစသည့် သန့်ရှင်းရေးလုပ်ငန်းများကို ကုသိုလ်ပြုဆောင်ရွက်ခဲ့ကြပါသည်။

         နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားသည့် ပြည်ဖျက်မီဒီယာများမှ နိုင်ငံ တစ်ဝှမ်း တည်ငြိမ်အေးချမ်းမှုမရှိကြောင်း သတင်းအမှားများ ထုတ်လွှင့်နေသော်လည်း မြန်မာနိုင်ငံအတွင်းရှိ မြို့ရွာများ၌ တည်ငြိမ်အေးချမ်းမှုများ တိုးတက်ကောင်းမွန်လျက် ရှိပြီး အများပြည်သူများ စိတ်အေးချမ်းသာစွာ ဘုရား၊ စေတီပုထိုးများ၌ တရားဘာဝနာ ပွားများ အားထုတ်နိုင်စေရန်နှင့် ကုသိုလ်ပြုလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် လုံခြုံရေး တပ်ဖွဲ့ဝင်များက အင်တိုက်အားတိုက် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၁-၂၀၂၃)

  • တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ မြို့နယ်များမှ ဘုရား၊ စေတီပုထိုးများ၌  ရဟန်းသံဃာတော်များနှင့် အများပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည် ညိုနိုင်စေရန်အတွက် သက်ဆိုင်ရာတာဝန်ရှိများနှင့် ဒေသခံပြည်သူများက သန့်ရှင်း ရေးလုပ်ငန်းများ ကုသိုလ်ပြု စုပေါင်းဆောင်ရွက်လျက်ရှိ။
  • နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားသည့် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတစ်ဝှမ်း တည်ငြိမ်အေးချမ်းမှုမရှိကြောင်း သတင်းအမှားများ ထုတ်လွှင့်နေသော်လည်း မြန်မာ နိုင်ငံအတွင်းရှိ မြို့ရွာများ၌ တည်ငြိမ်အေးချမ်းမှုများ တိုးတက်ကောင်းမွန်လျက်ရှိ။

 

Add new comment