ပြည်တွင်းမှထွက်ရှိသည့် နေကြာပျားရည်ကို ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိ

ပြည်တွင်းမှထွက်ရှိသည့် နေကြာပျားရည်ကို ပြည်ပနိုင်ငံများက ကြိုက်နှစ်သက်သဖြင့် နှစ်စဉ် နေကြာပျားရည် တန် ၁၀၀ ကျော်နှင့် အခြားပျားရည်များ တင်ပို့လျက်ရှိပြီး ပြည်တွင်းမှထွက်ရှိသည့် နေကြာပျားရည်ကို  ၂၀၂၁ ခုနှစ်က ကနေဒါနိုင်ငံတွင် သွားရောက်ယှဉ်ပြိုင်ခဲ့ရာ   ပထမ ရရှိခဲ့ပါသည်။

နေကြာပျားရည်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ နေကြာပန်းခင်းများ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် (မြောက်ပိုင်း)ရှိ နေကြာပန်းခင်းများ၌ ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လတို့တွင် စနစ်တကျစုဆောင်းထုတ်လုပ်ကြောင်းနှင့် ပြည်တွင်းရှိ မြို့နယ် ၃၁ မြို့နယ်မှလည်း နှစ်စဉ်ပျားရည်ထုတ်လုပ်လျက်ရှိရာ ပျားမွေးမြူရေးဌာန အနေဖြင့် စိုက်ပျိုးသီးနှံဧက ၁၅ သိန်းအား ဝတ်မှုန်ကူးပြောင်းလဲပေးနိုင်ရေး ကြီးကြပ်ဆောင်ရွက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း သိရှိရပါသည်။

  • ပြည်ပနိုင်ငံများသို့ နှစ်စဉ် နေကြာပျားရည်တန် ၁၀၀ ကျော်နှင့် အခြားပျားရည်များ တင်ပို့လျက်ရှိ။
  • နေကြာပျားရည်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ နေကြာပန်းခင်းများ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် (မြောက်ပိုင်း) ရှိ နေကြာပန်းခင်းများ၌ ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လတို့တွင် စနစ်တကျစုဆောင်းထုတ်လုပ်။

 

Add new comment