မြန်မာ့ခရီးသွားပြပွဲ(၂၀၂၃)ကို ဇန်နဝါရီလ ၂၇ ရက်မှ ၂၉ ရက်အထိ ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ဝန်ကြီးများရုံး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ပြည်တွင်း ပြည်ပခရီးသွားလုပ်ငန်းများ၊ လေကြောင်းလိုင်းဝန်ဆောင်မှုများ၊ ဟိုတယ်နှင့် အစား အသောက်လုပ်ငန်းများ၊ လက်မှုပညာများ၊ ပြည်တွင်းထွက် ဒေသထုတ်ကုန်များ၊ ဒေသ အစားအစာများ၊ အာမခံလုပ်ငန်းဝန်ဆောင်မှုများ၊ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ကုမ္ပဏီပြခန်းများ အပါအ ဝင် ပြခန်းပေါင်း ၄၀ ကျော် ပြသရောင်းချသွားမည် ဖြစ်ပါသည်။
ယင်းပြပွဲကို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်အသင်းမှ ဦးစီးကျင်းပခြင်းဖြစ်ပြီး ခရီးသွားရာသီအစဖြစ်သော ဇန်နဝါရီလတွင် မြန်မာ့ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုး တိုးတက်မှုအတွက် မောင်းနှင်အားတစ်ရပ်ဖြစ်စေရန် ရည်ရွယ်ထားရှိကာ အပန်းဖြေခရီး စဉ် မြန်ဆန်ချောမွေ့စေရန် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းနှင့် ညီနောင် မိတ်ဖက်အသင်းတို့ ပူးပေါင်း၍ ခရီးသွားဝန်ဆောင်မှုပေးထားပါသည်။
မြန်မာ့ခရီးသွားပြပွဲသို့ လာရောက်လေ့လာသူများကို ပြည်တွင်း၊ ပြည်ပလေယာဉ် လက်မှတ်များ၊ မိုးပျံဘောလုံး စီးနင်းခွင့်လက်မှတ်နှင့် ဟိုတယ်တည်းခိုခွင့် လက်မှတ်တို့ ကို Lucky draw အစီအစဉ်ဖြင့် ညနေ ၄ နာရီတွင် ကံစမ်းပေးသွားမည်ဖြစ်ပြီး ပြပွဲကို နံနက် ၉ နာရီမှ ည ၆ နာရီအထိ သိမ်ဖြူလမ်းဂိတ်နှင့် မဟာဗန္ဓုလလမ်းဂိတ်တို့မှ ဝန်ကြီးများရုံးအတွင်း ဝင်ရောက်လေ့လာကြည့်ရှုနိုင်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၁-၂၀၂၃
- မြန်မာ့ခရီးသွားပြပွဲ(၂၀၂၃)ကို ဇန်နဝါရီလ ၂၇ ရက်မှ ၂၉ ရက်အထိ ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ဝန်ကြီးများရုံး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ပြည်တွင်းပြည်ပခရီးသွားလုပ်ငန်းများ၊ လေကြောင်းလိုင်းဝန်ဆောင်မှုများ၊ ဟိုတယ် နှင့် အစားအသောက်လုပ်ငန်းများ၊ လက်မှုပညာများ၊ ပြည်တွင်းထွက် ဒေသထုတ် ကုန်များ၊ ဒေသအစားအစာများ၊ အာမခံလုပ်ငန်းဝန်ဆောင်မှုများ၊ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ကုမ္ပဏီပြခန်းများ အပါအဝင် ပြခန်းပေါင်း ၄၀ ကျော် ပြသရောင်းချသွားမည်ဖြစ်။
Add new comment