နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်မှ “ခရီးတိုမြို့ တွင်းပြေးဆွဲသည့် လျှပ်စစ်ကားများထုတ်လုပ်နိုင်ရေး အားပေးဆောင်ရွက်သွားရန်” လမ်းညွှန်မှုပြုခဲ့သဖြင့် အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂ ရက်တွင်လည်းကောင်း၊ လုပ်ငန်းကော်မတီ(၅)ရပ်ကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၇ ရက်တွင်လည်းကောင်း ဖွဲ့စည်းခဲ့ပါ သည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်တွင်း၌စိတ်ပါဝင်စားသည့် ကုမ္ပဏီ ၂၆ ခုမှ ဦးဆောင်ကော်မတီသို့ လာ ရောက်တွေ့ဆုံပြီး ဆောင်ရွက်မည့်အစီအမံအသေးစိတ်များကို ရှင်းလင်းတင်ပြခဲ့မှုအပေါ် စိစစ်ခွင့်ပြုပေးလျက်ရှိရာ ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Chin Dwin Shan Construction Co., Ltd. မှ တင်သွင်းလာသည့် လျှပ်စစ်သုံးယာဉ်အစီး ၃၀ နှင့် NPK Motors Co., Ltd. မှ တင်သွင်းလာသည့် လျှပ်စစ်သုံးယာဉ် ၁၀ စီးတို့အား တာဝန်ရှိ သူများက လျှပ်စစ်သုံးယာဉ်အတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက် များနှင့် ကိုက်ညီမှု ရှိ/မရှိနှင့် ခွင့်ပြုထားသည့် လိုင်စင်ပါဖော်ပြချက်များ မှန်ကန်မှု ရှိ/မရှိ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
အမျိုးသားအဆင့်ဦးဆောင်ကော်မတီသည် “လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ် ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ”ကို ရေးဆွဲပြုစုထားပြီး ပြည်တွင်း၌ လျှပ်စစ်သုံး ယာဉ်များ တွင်ကျယ်စွာအသုံးပြုနိုင်ရေး ကနဦးရှေးပြေးစီမံကိန်း(Pilot Project)ကာလ ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ သတ်မှတ်ဆောင်ရွက် လျက်ရှိပါသည်။
ယခုရောက်ရှိလာသော တရုတ်နိုင်ငံမှထုတ်လုပ်သည့် BYD အမျိုးအစား E2 Model ယာဉ်များအား လူစီးနှင့် တက္ကစီအဖြစ် စမ်းသပ်ပြေးဆွဲအသုံးပြုမည်ဖြစ်ပြီး အများပြည်သူ အသုံးပြုနိုင်ရေး Chin Dwin Shan Construction Co., Ltd. မှ ရန်ကုန်လေဆိပ်တွင် အခြေပြု၍ တက္ကစီ ၁၀ စီး၊ NPK Motors Co., Ltd. မှ နေပြည်တော်၊ သပြေကုန်း ဈေးတွင်အခြေပြု၍ တက္ကစီ ၁၀ စီး ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၁-၂၀၂၃)
- အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံသို့ ပထမအကြိမ် လျှပ်စစ်သုံး ယာဉ်အစီး ၄၀ နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခဲ့။
- ယခုရောက်ရှိလာသော တရုတ်နိုင်ငံမှထုတ်လုပ်သည့် BYD အမျိုးအစား E2 Model ယာဉ်များအား လူစီးနှင့် တက္ကစီအဖြစ် စမ်းသပ်ပြေးဆွဲအသုံးပြုမည်ဖြစ်ပြီး အများ ပြည်သူအသုံးပြုနိုင်ရေး Chin Dwin Shan Construction Co., Ltd. မှ ရန်ကုန် လေဆိပ်တွင်အခြေပြု၍ တက္ကစီ ၁၀ စီး၊ NPK Motors Co., Ltd. မှ နေပြည်တော် သပြေကုန်းဈေးတွင်အခြေပြု၍ တက္ကစီ ၁၀ စီး ပြေးဆွဲသွားမည်ဖြစ်။
Add new comment