ညောင်တုန်းမြို့နှင့်ဝါးခယ်မမြို့ရှိကျေးရွာများမှဒေသခံပြည်သူများအားတပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုစွန်)နှင့် မြစ်ရေယာဉ်(စကု)တို့ဖြင့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

       တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူကြီးများ၊ ဆရာဝန်များနှင့် သူနာပြု များပါဝင်သည့် တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုစွန်)နှင့် မြစ်ရေယာဉ် (စကု) တို့သည် ဧရာဝတီတိုင်းဒေသကြီး၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ် ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ-

  • ဇန်နဝါရီလ ၁၈ ရက်နှင့် ၁၉ ရက်တွင် ညောင်တုန်းမြို့နယ်၊ ဆားမလောက် ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူစုစုပေါင်း ၁,၃၂၇ ဦးအား လည်းကောင်း၊
  • ဇန်နဝါရီလ ၂၁ ရက်နှင့် ၂၂ ရက်တွင် ဝါးခယ်မမြို့နယ်၊ မရမ်းချောင်ကျေးရွာ၊ စပါးရိုကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူစုစုပေါင်း ၄,၂၇၉ ဦး အားလည်းကောင်း၊
  • ဇန်နဝါရီလ ၂၄ ရက်တွင် ဝါးခယ်မမြို့နယ်၊ ကနစိုးကုန်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူစုစုပေါင်း ၁,၅၁၅ ဦးအားလည်းကောင်း ဆေးကုသ မှုများဆောင်ရွက်ခဲ့။

      ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂,၆၀၁ ဦး၊ ခွဲစိတ်ရောဂါ ၅၄၃ ဦး၊ သားဖွား/မီးယပ်ရောဂါ ၃၇၆ ဦး၊ ကလေးရောဂါ ၃၉၀ ဦး၊ အရိုးရောဂါ ၁,၀၅၂ ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါ ၅၃၆ ဦး၊ မျက်စိရောဂါ ၉၉၄ ဦးနှင့် သွားရောဂါ ၆၂၉ ဦး၊ စုစုပေါင်းဒေသခံပြည်သူ ၇,၁၂၁ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးခဲ့သည့်အပြင် အထွေထွေခွဲစိတ်လူနာ ၁၈၈ ဦး၊ မျက်စိခွဲစိတ်လူနာ ၈၉ ဦး၊ ဓာတ်မှန် ရိုက်လူနာ ၁၇၃ ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ ၆၁၃ ဦး၊ တယ်လီဗေးရှင်းဓာတ်မှန်ရိုက်လူနာ ၄၃၈ ဦးနှင့် ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၇၂၃ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသ ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။

     ဆေးရုံတက်ရောက်ကုသရန် လိုအပ်သောလူနာများအား ရန်ကုန်မြို့ရှိ တပ်မတော် ဆေးရုံများနှင့် ပုသိမ်မြို့ရှိ နယ် မြေခံဆေးတပ်ရင်းသို့ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ဆေးကုသပေးနေမှုများကို တာ ဝန်ရှိသူများက လာရောက်အားပေးကြည့်ရှု၍ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

 သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၂၅-၁-၂၀၂၃)

  • တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုစွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ် ကျေးရွာများမှ ဒေသခံပြည်သူ များကို ဇန်နဝါရီလ ၁၈ ရက်မှစတင်၍ ဆေးကုသမှုများဆောင်ရွက်ပေးလျက်ရှိရာ  ၇,၁၂၁ ဦးရှိပြီးဖြစ်။    

Add new comment