ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်၌ ဇန်နဝါရီ ၃ ရက်မှ ၇ ရက်အထိ တစ်ပတ်တာကာလအတွင်း စာရင်းဝင်ကုမ္ပဏီ ၇ ခု၏ စတော့ရှယ်ယာရောင်းဝယ်မှုမှ ငွေကျပ် ၄၇ သန်း ၂ သိန်း ကျော်ရရှိကြောင်း ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းများအရ သိရှိရပါသည်။
ယခုတစ်ပတ်အတွင်း စာရင်းဝင်ကုမ္ပဏီအချို့ အရောင်းအဝယ်ကျဆင်းခဲ့သော်လည်း ကုမ္ပဏီအများစုမှာ ပိုမိုအရောင်းအဝယ်ဖြစ်ခဲ့သောကြောင့် ယခင်တစ်ပတ်ကထက် အရောင်းအဝယ်ပိုမိုဖြစ်ခဲ့ပါသည်။
ဇန်နဝါရီ ၃ ရက်မှ ၇ ရက်အထိ တစ်ပတ်တာကာလအတွင်း စာရင်းဝင်ကုမ္ပဏီများ၏ အရောင်းအဝယ်ပြုလုပ်မှုအနေဖြင့် ရန်ကုန်စတော့အိတ်ချိန်းကုမ္ပဏီ ၇ ခုဖြစ်သော First Myanmar Investment Public Co.,Ltd.(FMI)၊ Myanmar Thilawa SEZ Holdings Public Co.,Ltd.(MTSH)၊ Myanmar Citizens Bank Ltd.(MCB)၊ First Private Bank Ltd.(FPB)၊ TMH Telecom Public Co.,Ltd.၊ Ever Flow River Group Public Co.,Ltd (EFR)၊ AMATA Holding Public Co.,Ltd. ကုမ္ပဏီများက စုစုပေါင်းစတော့ရှယ်ယာအစောင်ရေ ၉,၃၄၂ စောင်မှ ငွေကျပ် ၄၇ သန်း ၂ သိန်းကျော် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါ သည်။
- စာရင်းဝင်ကုမ္ပဏီအချို့အရောင်းအဝယ်ကျဆင်းခဲ့သော်လည်း ကုမ္ပဏီအများစုမှာ ပိုမိုအရောင်းအဝယ်ဖြစ်ခဲ့သောကြောင့် ပြီးခဲ့သည့်တစ်ပတ်ကထက် စတော့ရှယ်ယာအရောင်းအဝယ်ပိုမိုကောင်းမွန်ခဲ့။
- ဇန်နဝါရီ ၃ ရက်မှ ၇ ရက်အထိ ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ ၇ ခုက စုစုပေါင်း စတော့ရှယ်ယာအစောင်ရေ ၉,၃၄၂ စောင်မှ ငွေကျပ် ၄၇ သန်း ၂ သိန်း ကျော် အရောင်းအဝယ်ဖြစ်ခဲ့။
Add new comment