၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်-မောင်တော ဒေသ၌ ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ဆက်စပ်ဖြစ်ပွားခဲ့သည့် ချွတ်ပြင်ကျေးရွာနှင့် မောင်နုကျေးရွာဖြစ်စဉ်များနှင့်ပတ်သက်သည့် ဖြစ်စဉ်ဖြစ်ရပ်အမှန်ပေါ်ပေါက်စေရေး ဗိုလ်ချုပ်မြတ်ကျော် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော အထူးစုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။
အထူးစုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့အနေဖြင့် မောင်နုကျေးရွာဖြစ်စဉ်အား စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပြီးဖြစ်သော်လည်း ချွတ်ပြင်ကျေးရွာဖြစ်စဉ်နှင့်ပတ်သက်၍ ဖြစ်စဉ်တွင်ပါဝင်သောအရပ်သားများသည် ချွတ်ပြင်ကျေးရွာတွင်လည်းကောင်း၊ အနီးဝန်းကျင်ရှိ ကျေးရွာများတွင်လည်းကောင်း နေထိုင်မှုမရှိတော့ခြင်း၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့ခြင်းနှင့် သွားလာမှုကန့်သတ်ထိန်းချုပ်ထား ရှိခြင်းတို့ကြောင့် ယာယီအမှုပိတ်သိမ်းခဲ့ပါသည်။
ချွတ်ပြင်ကျေးရွာဖြစ်စဉ်နှင့်ပတ်သက်၍ ဖြစ်ရပ်အမှန်ပေါ်ပေါက်စေရေး လိုအပ်သောစုံစမ်းစစ်ဆေးမှုများပြုလုပ်နိုင်ရန်အတွက် အထူးစုံစမ်းစစ်ဆေးရေးခုံရုံးဥက္ကဋ္ဌတာဝန် ပေးအပ်ထားသော ဗိုလ်ချုပ်မြတ်ကျော်သည် တပ်မတော်မှ အငြိမ်းစားယူခဲ့ပြီးဖြစ်သဖြင့် အောက်ပါအဖွဲ့ဝင်များပါဝင်သည့် အထူး စုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ ကြောင်းနှင့် လိုအပ်သည့် စစ်ဆေးဆောင်ရွက်မှု ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါသည်-
(က) ဗိုလ်မှူးချုပ် စိုးတင့် ဥက္ကဋ္ဌ
(ခ ) ဗိုလ်မှူးကြီး သန်းလှိုင် အဖွဲ့ဝင်
(ဂ ) ဗိုလ်မှူးကြီး မျိုးအောင် အဖွဲ့ဝင်
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၁-၂၀၂၃)
-
ချွတ်ပြင်ကျေးရွာဖြစ်စဉ်နှင့်ပတ်သက်၍ ဖြစ်ရပ်အမှန်ပေါ်ပေါက်စေရေး လိုအပ်သော စုံစမ်းစစ်ဆေးမှုများပြုလုပ်နိုင်ရန်အတွက် အထူးစုံစမ်းစစ်ဆေးရေးခုံရုံးဥက္ကဋ္ဌ တာဝန်ပေးအပ်ထားသော ဗိုလ်ချုပ်မြတ်ကျော်သည် တပ်မတော်မှ အငြိမ်းစားယူခဲ့ပြီးဖြစ်သဖြင့် အထူးစုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး လိုအပ်သည့် စစ်ဆေးဆောင်ရွက်မှု ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်။
Add new comment