ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ့ခရီးသွားလုပ်ငန်း စနစ်တကျရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတိုရေရှည်စီမံကိန်းများ၊ မူဝါဒများ၊ စံသတ်မှတ်ချက်များ၊ ဆောင်ရန်ရှောင်ရန်များကို နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့အစည်းများ၊ ဟိုတယ်နှင့်ခရီးသွားအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ရေးဆွဲအကောင်အထည်ဖော်လျက် ရှိပါသည်။
ပြည်ပခရီးသွားတိုးတက်ဝင်ရောက်လာရန် ပြည်ပနိုင်ငံများ၏ ခရီးသွားဈေးကွက်ရရှိအောင် နှစ်နိုင်ငံအစိုးရများအကြားသာမက ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများဖြင့်ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ပြည်ပနိုင်ငံများ၌ ကျင်းပလေ့ရှိသော နိုင်ငံတကာခရီးသွားပြပွဲများ၊ ခရီးသွားမြှင့်တင်ရေး ညီလာခံများတွင်သာမက ယင်းနိုင်ငံများရှိ လေကြောင်းလိုင်းများတွင်ပါ မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများအား မြှင့်တင်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်တွင်း၊ ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်ရန် လိုအပ်သောအစီအမံများအား ဝန်ကြီးဌာနက ရေးဆွဲခဲ့သဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ နိုင်ငံခြားသားခရီးသွား ဧည့်သည်ဝင်ရောက်မှုမှာ ယခင်နှစ်ဝင်ရောက်မှုနှင့်နှိုင်းယှဉ်ပါက ၇၈ ရာခိုင်နှုန်း ပိုမိုတိုးတက်ဝင်ရောက်လာသည်ကို တွေ့ရှိရပြီး အဓိကလာရောက်ကြသည့်နိုင်ငံများမှာ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ကိုရီးယား၊ ဂျပန်၊ မလေးရှား၊ ထိုင်ဝမ်၊ အမေရိကန်၊ ဗြိတိန်နှင့် ရုရှားတို့ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၂၄-၁-၂၀၂၃)
- ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ပြည်ပနိုင်ငံများ၌ ကျင်းပလေ့ရှိသော နိုင်ငံတကာခရီးသွားပြပွဲများ၊ ခရီးသွားမြှင့်တင်ရေးညီလာခံများတွင်သာမက ယင်းနိုင်ငံများရှိ လေကြောင်းလိုင်းများတွင်ပါ မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများအား မြှင့်တင်ဆောင်ရွက်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိ။
- ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်တွင်း၊ ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်ရန် လိုအပ်သောအစီအမံများအား ဝန်ကြီးဌာနက ရေးဆွဲခဲ့သဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ နိုင်ငံခြားသားခရီးသွားဧည့်သည်ဝင် ရောက်မှုမှာ ယခင်နှစ်ဝင်ရောက်မှုနှင့် နှိုင်းယှဉ်ပါက ၇၈ ရာခိုင်နှုန်း ပိုမိုတိုးတက်ဝင်ရောက်ခဲ့။
Add new comment