၂၀၂၂ ခုနှစ်တွင် ပေါ်ထွန်းလာသော ဆင်ဖြူတော်ကလေး “ရဋ္ဌနန္ဒက” မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ အသက် ၃၃ နှစ်က ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်တွင် မွေးဖွားခဲ့သည့် ဆင်ဖြူတော်(အထီး)ကလေး “ရဋ္ဌနန္ဒက” သည် မွေးဖွားစတွင်  အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး  လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ် အလေးချိန် ပေါင် ၁၈၀ ခန့်ရှိရာမှ ယခုအသက် ၆ လသားအရွယ်တွင် အရပ်အမြင့် ၃ ပေ ၁ လက်မ၊ ကိုယ်လုံး လုံးပတ် ၄ ပေ ၁၀ လက်မ၊ ကိုယ်အလေးချိန် ၃၅၅ ပေါင်ရှိလာပြီဖြစ်ပါသည်။

အဆိုပါ ဆင်ဖြူတော်လေး “ရဋ္ဌနန္ဒက” သည် ရတနာဆင်ဖြူတော် ထိန်းသိမ်းစောင့်ရှောက်ရေးဥယျာဉ် နေပြည်တော်၌ မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိကြောင်းနှင့် လူနှင့်ပိုမိုယဉ်ပါးလာစေရန်အတွက် ဆင်နှင့်လူသားတို့အကြား ကောင်းမွန်စွာဆက်ဆံတတ်စေရေး လေ့ကျင့် သင်ကြားခြင်းစနစ် "Peace Human and Elephant Interaction Training" ဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၁-၂၀၂၃)

  • ဆင်ဖြူတော်ကလေး “ရဋ္ဌနန္ဒက” သည် မွေးဖွားစတွင်  အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး  လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့်ရှိရာမှ ယခု အသက် ၆ လသားအရွယ်တွင် အရပ်အမြင့် ၃ ပေ ၁ လက်မ၊ ကိုယ်လုံး လုံးပတ် ၄ ပေ ၁၀ လက်မ၊ ကိုယ်အလေးချိန် ၃၅၅ ပေါင်ရှိလာပြီဖြစ်။
  • ဆင်ဖြူတော်လေး “ရဋ္ဌနန္ဒက” သည် မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိပြီး လူနှင့်ပိုမိုယဉ်ပါးလာစေရန်အတွက် ဆင်နှင့်လူသားတို့အကြား  ကောင်းမွန်စွာ ဆက်ဆံတတ်စေရေး လေ့ကျင့်သင်ကြားခြင်းစနစ် "Peace Human and Elephant Interaction Training" ဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိ။

Add new comment