ချောင်းသာကမ်းခြေသို့ ဇန်နဝါရီလ ၁၅ ရက်တာကာလအတွင်း ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များဖြင့် စည်ကားလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်းရှိ ခရီးသွားဒေသတစ်ခုဖြစ်သည့် ချောင်းသာကမ်းခြေသို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ၁၅ ရက်အတွင်း ပြည်တွင်း ပြည်ပခရီးသွားဧည့်သည် ၁၁,၅၅၅ ဦး လာရောက်လည်ပတ်ခဲ့ပါသည်။

‌ချောင်းသာကမ်းခြေသို့ လာရောက်လည်ပတ်သော ခရီးသွားဧည့်သည်များပြားလာသည့်အတွက် ခရီးသွားလုပ်ငန်းများနှင့်ဆက်စပ်သော ဟိုတယ်လုပ်ငန်းများ၊ မော်တော်ဘုတ်လုပ်ငန်းများ၊ မြင်းငှားသည့်လုပ်ငန်းများ၊ စားသောက်ဆိုင်လုပ်ငန်းများ၊ ဧည့်လမ်းညွှန်လုပ်ငန်းများ၊ အမှတ်တရလက်ဆောင် ပစ္စည်း ရောင်းချသည့်လုပ်ငန်းများ၊ ပင်လယ်စာသီးသန့်ရောင်းချသည့်လုပ်ငန်းများ၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်နှင့် စက်ဘီးအငှားလိုက်သည့် လုပ်ငန်းလုပ်ကိုင်သူများလည်း အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၂၃-၁-၂၀၂၃)

  • ဇန်နဝါရီလ ၁ ရက်မှ ၁၅ ရက်အတွင်း ချောင်းသာကမ်းခြေသို့ ပြည်တွင်းပြည်ပခရီးသွားဧည့်သည် ၁၁,၅၅၅ ဦး လာရောက်လည်ပတ်ခဲ့။

Add new comment