မြန်မာ - တရုတ် နှစ်နိုင်ငံကုန်သွယ်မှု ဆောင်ရွက်ရာတွင် တရုတ်(ယွမ်)ငွေစာရင်း (Account)ဖွင့်လှစ်၍ ငွေပေးချေမှုဆောင်ရွက်ရန်ကိစ္စနှင့်ပတ်သက်ပြီး Bank of China, Industrial and Commercial Bank of China (ICBC) ဘဏ်တို့မှ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို မန္တလေးမြို့၊ Pullman Mandalay Mingalar ဟိုတယ်ရှိ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပခဲ့ပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် တာဝန်ရှိသူများက-
· မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုဆောင်ရွက်ရာတွင် ယွမ်-ကျပ် တိုက်ရိုက်အသုံးပြုပေးချေရေးဆိုင်ရာ ရည်ရွယ်ချက်၊ မူဝါဒ၊ လုပ်ငန်းစဉ်များနှင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ။
· တရုတ်(ယွမ်)ငွေစာရင်း(Account) ဖွင့်လှစ်၍ ငွေပေးချေမှု ဆောင်ရွက်ရာတွင် တွေ့ကြုံရနိုင်သည့်အခက်အခဲများအပေါ် ဖြေရှင်းဆောင်ရွက်ပေးသွားမည့် အခြေအနေများ။
· ဘဏ်လုပ်ငန်းဆိုင်ရာအစီအစဉ်များ၊ ငွေပေးချေမှုနည်းလမ်းများ၊ အဆိုပြုရမည့် ငွေလဲလှယ်နှုန်းများ၊ နယ်စပ်ကုန်သွယ်ရေးအတွက်ရယူရမည့် ကုန်သွယ်မှုဆိုင်ရာ အထောက်အထားများ၊ ဘဏ်စရိတ်နှုန်းထားများ ငွေကြေးထောက်ပံ့မှု အစီအစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့။
အခမ်းအနားသို့ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်စေရေးကော်မတီအတွင်းရေးမှူး ဦးညွန့်အောင်နှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ Bank of China နှင့် Industrial and Commercial Bank of China (ICBC)နိုင်ငံခြား ဘဏ်ခွဲများမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မန္တလေးတိုင်းဒေသကြီးရှိ ကုန်သည်လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများသည် ဗီဒီယိုကွန့်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
- တရုတ်(ယွမ်)ငွေစာရင်း(Account)ဖွင့်လှစ်၍ ငွေပေးချေမှုဆောင်ရွက်ရာတွင် တွေ့ကြုံရနိုင်သည့် အခက်အခဲများအပေါ် ဖြေရှင်းဆောင်ရွက်ပေးသွားမည့် အခြေအနေများ။
- ဘဏ်လုပ်ငန်းဆိုင်ရာအစီအစဉ်များ၊ ငွေပေးချေမှုနည်းလမ်းများ၊ အဆိုပြုရမည့် ငွေလဲလှယ်နှုန်းများ၊ နယ်စပ်ကုန်သွယ် ရေးအတွက်ရယူရမည့် ကုန်သွယ်မှုဆိုင်ရာအထောက်အထားများ၊ ဘဏ်စရိတ်နှုန်းထားများ ငွေကြေးထောက်ပံ့မှု အစီအစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့။
Add new comment