ယူနန်ပြည်နယ် မန်စီနှင့် မန္တလေးမြို့အကြား တိုက်ရိုက်လေကြောင်းပြေးဆွဲမှု ပြန်လည်စတင်

ကိုဗစ် - ၁၉ ရောဂါကြောင့် ရပ်နားထားခဲ့ရသော Ruili လေကြောင်းလိုင်း၏ မန္တလေး-မန်စီ-မန္တလေး (DR-503) ခရီးစဉ်သည် ဇန်နဝါရီလ ၂၁ ရက်တွင် ယူနန်ပြည်နယ် မန်စီမြို့မှ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်(တံတားဦး)သို့ ပထမဦးဆုံးသော ခရီးစဉ်အဖြစ် ပြန်လည်ပြေးဆွဲခဲ့ရာ တရုတ်နိုင်ငံသား ၂၆ ဦး ၊ မြန်မာနိုင်ငံသား ၂ ဦး၊ စုစုပေါင်း ၂၈ ဦး လိုက်ပါခဲ့ကြပြီး အဆိုပါလေယာဉ်ဖြင့်  မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်(တံတားဦး)မှ မန်စီမြို့သို့ တရုတ်နိုင်ငံသား ၂၅ ဦး ၊ မြန်မာနိုင်ငံသား ၆ ဦး၊ စုစုပေါင်း ၃၁ ဦးလိုက်ပါ၍ အဆိုပါနေ့ ညနေပိုင်းတွင် ပြန်လည်ထွက်ခွာသွားခဲ့ပါသည်။

Ruili လေကြောင်းလိုင်းအနေဖြင့် မန်စီ-မန္တလေး-မန်စီ လေကြောင်းခရီးစဉ်ကို တစ်ပတ်လျှင် သုံးရက်နှုန်း အင်္ဂါ၊ ကြာသပတေး၊ စနေနေ့များတွင် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၁-၂၀၂၃)

  • Ruili လေကြောင်းလိုင်းအနေဖြင့် မန်စီ-မန္တလေး-မန်စီ လေကြောင်းခရီးစဉ်ကို ဇန်နဝါရီလ ၂၁ ရက်တွင် ယူနန်ပြည်နယ် မန်စီမြို့မှ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်(တံတားဦး)သို့ စတင်ပြေးဆွဲခဲ့ပြီး တစ်ပတ်လျှင် သုံးရက်နှုန်း အင်္ဂါ၊ ကြာသပတေး၊ စနေနေ့များတွင် ပြေးဆွဲသွား မည်ဖြစ်။

Add new comment