ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် ထိုင်းဘုရင့်တပ်မတော် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံမှပြန်လည်ထွက်ခွာ

မြန်မာနိုင်ငံ၌အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သည့် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်ကြား အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး 8th High Level Committee Meeting သို့ တက်ရောက်ခဲ့သည့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Chalermphon Srisawasdi ဦးဆောင်သည့် ထိုင်းဘုရင့်တပ်မတော် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီလ ၂၁ ရက်တွင် ရွှေတိဂုံစေတီတော်နှင့် ခြောက်ထပ်ကြီးဘုရားသို့ သွားရောက်ဖူးမြော်ကြပြီး ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ခြင်း၊ အလှူငွေများ လှူဒါန်းခြင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းစျေးသို့ သွားရောက်လေ့လာလည်ပတ်ခြင်း များ ပြုလုပ်ခဲ့ကြပါသည်။

ထို့နောက် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်၀င်းဆွေနှင့် ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့်တပ်မတော်မှ (ကြည်း၊ ရေ၊ လေ) စစ်သံမှူးများနှင့်ဇနီးများ၊ တာဝန်ရှိသူများက မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်သို့ ပို့ဆောင်နှုတ်ဆက်ကြပြီး အဆိုပါအဖွဲ့သည် ထိုင်းဘုရင့်တပ်မတော်အထူးလေယာဉ်ဖြင့် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှ ထိုင်းနိုင်ငံသို့ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၁-၂၀၂၃)

  • ထိုင်းဘုရင့်တပ်မတော် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီလ ၂၁ ရက်တွင် ရွှေတိဂုံစေတီတော်နှင့် ခြောက်ထပ်ကြီး ဘုရားသို့သွားရောက်ဖူးမြော်ကြပြီး ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ခြင်း၊ အလှူငွေများ လှူဒါန်းခြင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းစျေးသို့ သွားရောက် လေ့လာလည်ပတ်ခြင်းများ ပြုလုပ်ခဲ့ကြပြီး ထိုင်းဘုရင့် တပ်မတော်အထူးလေယာဉ်ဖြင့် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့။

Add new comment