ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ သံတွဲမြို့ရှိ တန်ခိုးကြီးဘုရားများနှင့် အထင်ကရနေရာများသို့ သွားရောက်ဖူးမြော်လေ့လာ

မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Chalermphon Srisawasdi ၏ ဇနီး Madame Budsakorn Srisawasdi ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီလ ၂၀ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ၊ တပ်မတော်အရာရှိကြီးများ၏ ဇနီးတို့နှင့်အတူလိုက်ပါ၍ ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ တန်ခိုးကြီးဘုရားများအား သွားရောက်ဖူးမြော်ကြည်ညိုပြီး အထင်ကရနေရာများသို့ သွားရောက်လေ့လာခဲ့ပါသည်။

နံနက်ပိုင်းတွင် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးနှင့်အဖွဲ့သည် တပ်မတော်အရာရှိကြီးများ၏ ဇနီးများနှင့်အတူ ရွှေအန်တော်စေတီတော်မြတ်အား ဆီမီး၊ ပန်း၊ ရေချမ်း၊ သစ်သီးဆွမ်းများ ကပ်လှူပူဇော်ဖူးမြော်ကြည်ညိုကာ ဂေါပကအဖွဲ့ဝင် များထံသို့ ‌စေတီတော်ကြီးအတွက် ဘက်စုံ အလှူငွေပေးအပ်လှူဒါန်းပြီး ရွှေနံတော်စေတီသို့ သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြပါသည်။

မွန်းလွဲပိုင်းတွင် Amazing Ngapali Resort သို့ သွားရောက်ကာ ရခိုင်ရိုးရာ ရက်ကန်းနှင့် ရိုးရာလက်မှုပစ္စည်းများအား လေ့လာကြည့်ရှုကြပြီး အဆိုပါ Resort မှ ဖျော်‌ဖြေသည့် ရခိုင်ရိုးရာသီချင်း အကအလှများကို ကြည့်ရှုအား‌ပေး၍ ရိုးရာအကအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၁-၂၀၂၃)

  • မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ၊ တပ်မတော်အရာရှိကြီး များ၏ဇနီးတို့နှင့်အတူလိုက်ပါ၍ ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ တန်ခိုးကြီးဘုရားများအား သွားရောက်ဖူးမြော်ကြည်ညိုပြီး အထင်ကရနေရာများသို့ သွားရောက်လေ့လာခဲ့။

Add new comment