ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ဇန်နဝါရီလ ၈ ရက်တွင် -
· ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ဟဲဟိုးမြို့နယ်ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်သည့် အသီးအရွက်များကို အခြောက်ခံ၍ ဂျပန်နိုင်ငံသို့ တင်ပို့လျက်ရှိသော Myanmar Belle Shin- Shin Foods Co.,Ltd. သို့ လည်းကောင်း။
· ကလောမြို့နယ်၊ ဘော်ဆိုင်းကျေးရွာအုပ်စုရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ခွင့်ပြုမိန့်ဖြင့် ရာနှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်သော Top Ten Star Producting Co.,Ltd. ၏ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စနစ်ဖြင့် ခဲသတ္တုသန့်စင်ထုတ်လုပ်ခြင်းလုပ်ငန်းသို့လည်းကောင်း ကြည့်ရှုအားပေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက Myanmar Belle Shin-Shin Foods Co.,Ltd. ၏ တာဝန်ရှိသူများအား ပြည်တွင်းထုတ်လုပ်မှုမြှင့်တင်ရေး၊ ပြည်ပတင်ပို့မှု တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ သီးနှံစိုက်တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ Top Ten Star Produ-cting Co.,Ltd. ၏ တာဝန် ရှိသူများအား စက်ရုံလုပ်ငန်းလည်ပတ်နေမှုအခြေအနေများနှင့် အခက်အခဲများနှင့်စပ်လျဉ်း၍ ဆက်လက်ကူညီဆောင်ရွက်ပေးမည့် အခြေအနေများကို ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းပေးခဲ့ပါသည်။
- ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ဟဲဟိုးမြို့နယ်ရှိ Myanmar Belle Shin-Shin Foods Co.,Ltd. နှင့် ကလောမြို့နယ်၊ ဘော်ဆိုင်းကျေးရွာအုပ်စုရှိ Top Ten Star Producting Co., Ltd. တို့သို့ သွားရောက်ကြည့်ရှုအားပေးခဲ့။
- ပြည်တွင်းထုတ်လုပ်မှုမြှင့်တင်ရေး၊ ပြည်ပတင်ပို့မှုတိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ သီးနှံစိုက်တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ရေး၊ စက်ရုံလုပ်ငန်းလည်ပတ်နေမှုအခက်အခဲများ ကူညီဆောင်ရွက်ပေးရေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့။
Add new comment