၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၊ ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၂၀ ရက်တွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
အစည်းအဝေးသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ကော်မရှင်အဖွဲ့ဝင် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အမှာစကားပြောကြားရာတွင်-
- နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာကြည့်မည်ဆိုပါက အဆိုပါနိုင်ငံ၏ လူမှုစီးပွားဆိုင်ရာ စာရင်းအင်းအချက်အလက်များကို ဆန်းစစ်ခြင်းဖြင့် သိရှိနိုင်သည့်အတွက် စာရင်းအင်းဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ တိတိကျကျမှန်မှန်ကန်ကန်ရရှိနိုင်ရေးသည် အလွန် အရေးကြီးသည်ကို တွေ့ရှိရကြောင်း။
- နိုင်ငံတစ်နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များကို ကဏ္ဍအလိုက် အချိုးညီညီဖွံ့ဖြိုးတိုးတက်ရန် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများရေးဆွဲအကောင် အထည်ဖော်ခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ရာတွင် အခြေခံအဖြစ် အသုံးပြုရသည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကို သန်းခေါင် စာရင်းများမှသာ ရရှိနိုင်မှာဖြစ်ကြောင်း။
- ယနေ့မိမိတို့နိုင်ငံအပေါ် မလိုလားသည့် ပြည်ပနိုင်ငံတစ်ချို့၏ စွပ်စွဲထိုးနှက်နေသည့် ရိုဟင်ဂျာကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးလုံးဝမရှိခဲ့ကြောင်းကို ဗြိတိသျှကိုလိုနီလက်အောက် ၁၈၈၁ ခုနှစ် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအစီရင်ခံစာပါ လူမျိုးစာရင်းများ အရ အခိုင်အမာသက်သေပြနိုင်ခဲ့ကြောင်း။
- သန်းခေါင်စာရင်းကသာလျှင် နိုင်ငံအတွင်းနေထိုင်သူများ၏ လူတစ်ဦးချင်းစီမှ အဖွဲ့အစည်းအုပ်စုလိုက်၊ တစ်နိုင်လုံးအတိုင်းအတာအရ နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေး၊ လူမှုရေးနှင့် စီမံခန့်ခွဲရေးများအပါအဝင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ သဘာဝဘေး အန္တရာယ်ကျရောက်သူများ ကယ်ဆယ် ရေးစသည့် အခြားသောဘက်စုံကဏ္ဍများ အတွက်ပါလိုအပ်သည့်အချက်အလက်များ ရရှိစေမည်ဖြစ်ကြောင်း။
- ၂၀၂၄ ခုနှစ်တွင်ကောက်ယူမည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်နိုင်ရေးကို အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့။
ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအစီအမံများကိုလည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ကော်မရှင် အဖွဲ့ဝင် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအောင်မြင်စွာ ကောက်ယူရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးတင်ပြကြရာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်က တင်ပြချက်များနှင့်ပတ်သက်၍ လိုအပ်သည်များ ဆွေးနွေးမှာကြားကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၁-၂၀၂၃)
- နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာကြည့်မည်ဆိုပါက အဆိုပါနိုင်ငံ၏ လူမှုစီးပွားဆိုင်ရာ စာရင်းအင်းအချက်အလက်များကို ဆန်းစစ်ခြင်းဖြင့် သိရှိနိုင်သည့်အတွက် စာရင်းအင်းဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ တိတိကျကျမှန်မှန်ကန်ကန်ရရှိနိုင်ရေးသည် အလွန် အရေးကြီးသည်ကို တွေ့ရှိရ။
- သန်းခေါင်စာရင်းကသာလျှင် နိုင်ငံအတွင်းနေထိုင်သူများ၏ လူတစ်ဦးချင်းစီမှ အဖွဲ့အစည်းအုပ်စုလိုက်၊ တစ်နိုင်လုံးအတိုင်းအတာအရ နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေး၊ လူမှုရေးနှင့် စီမံခန့်ခွဲရေးများအပါအဝင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ သဘာဝဘေး အန္တရာယ်ကျရောက်သူများ ကယ်ဆယ်ရေးစသည့် အခြားသောဘက်စုံကဏ္ဍများ အတွက်ပါလိုအပ်သည့်အချက်အလက်များ ရရှိစေမည်ဖြစ်။
- ၂၀၂၄ ခုနှစ်တွင်ကောက်ယူမည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်နိုင်ရေးကို အလေးထားဆောင်ရွက်ကြရမည်ဖြစ်။
Add new comment