တရုတ်ပြည်သူ့သမ္မတနိုင်ငံက လှူဒါန်းသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm (၃) သန်း doses မြန်မာနိုင်ငံသို့ရောက်ရှိပြီး တားဆီးကာကွယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

တရုတ်ပြည်သူ့သမ္မတနိုင်ငံက မြန်မာနိုင်ငံသို့ လှူဒါန်းသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm (၃) သန်း doses နှင့် ဆေးထိုးအပ် (၃) သန်းအား လွှဲပြောင်းလက်ခံခြင်းအခမ်းအနားကို ဇန်နဝါရီလ ၁၉ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ အရေးကြီးပုဂ္ဂိုလ်များဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၃) သန်းကို ကျောင်းနေအရွယ်ကလေးများ၊ နာတာရှည်ရောဂါအခံရှိသော အသက်အရွယ်ကြီးသူများကို ထပ်ဆောင်းကာကွယ် ဆေးထိုးနှံမှုအနေဖြင့် အသုံးပြုသွားမည်ဖြစ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြည်သူများအား ဦးတည်အုပ်စုများသတ်မှတ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကာကွယ်ဆေးထိုးခြင်းများကို အားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိပါသည်-

  • ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်အထိ အသက် (၁၈) နှစ်နှင့်အထက် လူဦးရေစုစုပေါင်း ၃၀,၈၆၇,၈၈၂ ဦးနှင့် အသက် (၁၈) နှစ်အောက် လူဦးရေစုစုပေါင်း ၆,၈၀၆,၄၃၇ ဦးတို့ကို ကာကွယ်ဆေးထိုးနှံပြီးစီးပြီးဖြစ်။
  • ဇန်နဝါရီလ ၁၇ ရက်နှင့် ၁၈ ရက်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို မြစ်ကြီးနားမြို့၊ မြိတ်မြို့၊ လားရှိုးမြို့၊ ကလေးမြို့၊ စစ်တွေမြို့၊ သံတွဲမြို့နှင့် လွိုင်ကော်မြို့များသို့ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများ၊ တပ်မတော်လေယာဉ်များနှင့် ရဟတ်ယာဉ်များဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိ။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ ၁၉ ရက်တွင် ဓာတ်ခွဲနမူနာ စုစုပေါင်း ၅,၁၃၅ ခုအားစစ်ဆေးခဲ့ပြီး၊ ဓာတ်ခွဲအတည်ပြုလူနာသစ် ၈ ဦးဖြင့် ရောဂါ ပိုးတွေ့ရှိမှု ၀.၁၆ ရာခိုင်နှုန်းရှိခဲ့ပါသည်။ ၁၉-၁-၂၀၂၃ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၉,၈၉၈,၆၄၆ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၆၃၃,၇၈၅ ဦးနှင့် သေဆုံးသူ စုစုပေါင်း ၁၉,၄၉၀ ဦးရှိကြောင်း သိရှိရပါသည်။

 သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၁-၂၀၂၃)

  • ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်အထိ အသက် (၁၈) နှစ်နှင့်အထက် လူဦးရေစုစုပေါင်း ၃၀,၈၆၇,၈၈၂ ဦးနှင့် အသက် (၁၈) နှစ်အောက် လူဦးရေစုစုပေါင်း ၆,၈၀၆,၄၃၇ ဦးတို့ကို ကာကွယ်ဆေး ထိုးနှံပြီးစီးပြီးဖြစ်။
  • ၁၉-၁-၂၀၂၃ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၉,၈၉၈,၆၄၆ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၆၃၃,၇၈၅ ဦးနှင့် သေဆုံးသူစုစုပေါင်း ၁၉,၄၉၀ ဦးရှိ။

Add new comment