မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား တိုင်းရင်းသားရေးရာယဉ်ကျေးမှုများနှင့် ချမှတ်ထားသည့် မူဝါဒများကို အပြန်အလှန်မျှဝေလေ့လာဖလှယ်နိုင်ရေးဆွေးနွေး

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ(၂၀၂၀)ဖြင့် တိုင်းရင်းသားရေးရာယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်အရ တိုင်းရင်းသားရေးရာမူဝါဒနှင့် ယဉ်ကျေးမှု ဖလှယ်ရေးဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၉ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Ambassador Hotel ၌ ကျင်းပ ခဲ့ပါသည်။

အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊  ကရင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး၊ တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး၊ ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များနှင့် ထိုင်းနိုင်ငံ လူမှုဘဝလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ တရားရေးဝန်ကြီးဌာန၊  ပြည်ထဲရေးဝန်ကြီးဌာန၊  မဲခေါင်-လန်ချန်းဒေသတွင်းနိုင်ငံများ၏ သံရုံးများမှတာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှ သံအမတ်ကြီး၊ သံရုံးတာဝန်ခံများနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံဘက်မှ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ တိုင်းရင်းသားရေးရာမူဝါဒနှင့် အခွင့်အရေးများအကြောင်း၊ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုများ၏ ယဉ်ကျေးမှုပွဲတော်များအကြောင်းနှင့် ထိုင်းနိုင်ငံဘက်မှ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများနှင့် နေရပ်စွန့်ခွာ သူများဆိုင်ရာမူဝါဒများ၊ ထိုင်းလူမျိုးမဟုတ်သူများ မှတ်ပုံတင်ရေးဆိုင်ရာ ဆောင်ရွက်မှုများ၊ တိုင်းရင်းသားများ၏ အသက်မွေးဝမ်းကျောင်းမှု ကာကွယ်ရေးနှင့် မြှင့်တင်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့် စပ်လျဉ်း၍  ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၁-၂၀၂၃)

  • မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ(၂၀၂၀)ဖြင့် တိုင်းရင်းသား ရေးရာယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်အရ တိုင်းရင်းသားရေးရာမူဝါဒနှင့် ယဉ်ကျေးမှု ဖလှယ်ရေးဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Ambassador Hotel ၌ ကျင်းပခဲ့။

Add new comment