နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရခိုင်ပြည်နယ်၊ သံတွဲမြို့အနီးရှိ နယ်မြေခံရေတပ်ပင်မ ရေငုပ်နှင့် ဆယ်ယူရေးတပ်၏ လေ့ကျင့်ရေးဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ)နှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများလိုက်ပါ၍ ရခိုင်ပြည်နယ်၊ သံတွဲမြို့အနီးရှိ နယ်မြေခံပင်မရေငုပ်နှင့် ဆယ်ယူရေးတပ်၏ လေ့ကျင့်ရေးဆောင်ရွက်နေမှုများနှင့် တပ်တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည်-

  • ရေတပ်ပင်မရေငုပ်နှင့် ဆယ်ယူရေးတပ်လေ့ကျင့်ရေးကမ်းခြေတွင် ရေတပ်အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင် ၈ ဦးမှ ရန်သူ့ရေယာဉ်အား တိတ်တဆိတ်ဝင်ရောက်ဖောက်ခွဲ ၍ ပြန်လည်ထွက်ခွာခြင်း (Cast & Recovery) လေ့ကျင့်ခန်းသရုပ်ပြသခြင်းနှင့် သရုပ်ပြလေ့ကျင့်နေမှုအား ကြည့်ရှုခဲ့။
  • ရေတပ်ပင်မရေငုပ်နှင့် ဆယ်ယူရေးတပ်ရှိ Training Pool အတွင်း တပ်မတော်(ရေ) မှ တပ်ဖွဲ့ဝင်များ၏ ၁၀ မီတာ Tower Jump လေ့ကျင့်မှု၊ ၅ မီတာ အမြင့်မှ ခုန်ချ၍ ၅၀ မီတာ ခြေတုပ်၊ လက်တုပ်ကူးခတ်လေ့ကျင့်နေမှု၊ ၅၀ မီတာ အလွတ်ရေအောက်မှ ကူးခတ်လေ့ကျင့်နေမှု၊ လေဘူးဖြုတ်၊ တပ်ခြင်းလေ့ကျင့်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့။
  • တပ်မတော်(ရေ)၏ လေ့ကျင့်ရေး၊ ဆယ်ယူရေးနှင့် လုံခြုံရေးတာဝန်များ၊ ရေပြင်သက်စောင့်လုပ်ငန်းတာဝန်များ၊ မိုင်းရှင်းလင်းရေးနှင့် ရေပြင်ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုလျက်ရှိသည့် အသုံးအဆောင်ပစ္စည်းများနှင့် လက်နက်များကို ကြည့်ရှုခဲ့။
  • ရေအောက်အနှောင့်အယှက်လေ့ကျင့်ခန်း လေ့ကျင့်နေမှု၊ နှစ်ယောက်တွဲ လေဝေရှူခြင်းလေ့ကျင့်နေမှု၊ Closed Circuit အသုံးပြု၍ Underwater Compass ဖြင့် ရေအောက်ကူးခတ်ခြင်း လေ့ကျင့်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့။
  • 10 Men Hyperbaric Medical Treatment Chamber နှင့် Diving Tower တို့အား လှည့်လည်ကြည့်ရှုကြပြီး တပ်မတော်(ရေ)မှ တပ်ဖွဲ့ဝင်များ၏ Escape Training သရုပ်ပြသလေ့ကျင့်နေမှုအား ကြည့်ရှုခဲ့။
  • တပ်မတော်(ရေ)မှ ရေတပ်အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင် နည်းပြ ၈ ဦး၏ လေ့ကျင့်ရေး စင်မြင့် (Training Tower) တွင် သရုပ်ပြသလေ့ကျင့်နေမှုများကို ကြည့်ရှုပြီး ချီးမြှင့်ငွေများပေးအပ်ကာ လေ့ကျင့်ရေးဆိုင်ရာများကို ကောင်းမွန်စွာသင်ကြားပြသနိုင်ရေးနှင့်ပတ်သက်၍ လိုအပ် သည်များ မှာကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နယ်မြေခံတပ်မှူး၏ တပ်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ လေ့ကျင့်ရေးဆိုင်ရာ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြား၍ တပ်၏လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၁-၂၀၂၃)

 
   
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တာဝန်ရှိသူများလိုက်ပါ၍ ရခိုင်ပြည်နယ်၊ သံတွဲမြို့အနီးရှိ နယ်မြေခံပင်မရေငုပ်နှင့် ဆယ်ယူရေးတပ်၏ လေ့ကျင့်ရေးဆောင်ရွက်နေမှုများနှင့် တပ်တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့။

Add new comment