ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြည်သူများအား ဦးတည်အုပ်စုများသတ်မှတ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကာကွယ်ဆေးထိုးခြင်းများကို အားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိပါသည်-
- ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်အထိ အသက် (၁၈) နှစ်နှင့်အထက် လူဦးရေစုစုပေါင်း ၃၀,၈၆၇,၈၈၂ ဦးနှင့် အသက် (၁၈) နှစ်အောက် လူဦးရေစုစုပေါင်း ၆,၈၀၆,၄၃၇ ဦးတို့ကို ကာကွယ်ဆေးထိုးနှံပြီးစီးပြီးဖြစ်။
- ဇန်နဝါရီလ ၁၇ ရက်နှင့် ၁၈ ရက်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို မြစ်ကြီးနားမြို့၊ မြိတ်မြို့၊ လားရှိုးမြို့၊ ကလေးမြို့၊ စစ်တွေမြို့၊ သံတွဲမြို့နှင့် လွိုင်ကော်မြို့များသို့ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများ၊ တပ်မတော်လေယာဉ်များနှင့် ရဟတ်ယာဉ်များဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိ။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ ၁၈ ရက်တွင် ဓာတ်ခွဲနမူနာ စုစုပေါင်း ၄,၁၅၇ ခုအားစစ်ဆေးခဲ့ပြီး၊ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၄ ဦးဖြင့် ရောဂါ ပိုးတွေ့ရှိမှု ၀.၃၄ ရာခိုင်နှုန်းရှိခဲ့ပါသည်။ ၁၈-၁-၂၀၂၃ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၉,၈၉၃,၅၁၁ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၆၃၃,၇၇၇ ဦးနှင့် သေဆုံးသူ စုစုပေါင်း ၁၉,၄၉၀ ဦးရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၉-၁-၂၀၂၃)
- ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်အထိ အသက် (၁၈) နှစ်နှင့်အထက် လူဦးရေစုစုပေါင်း ၃၀,၈၆၇,၈၈၂ ဦးနှင့် အသက် (၁၈) နှစ်အောက် လူဦးရေစုစုပေါင်း ၆,၈၀၆,၄၃၇ ဦးတို့ကို ကာကွယ်ဆေး ထိုးနှံပြီးစီးပြီးဖြစ်။
- ၁၈-၁-၂၀၂၃ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၉,၈၉၃,၅၁၁ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၆၃၃,၇၇၇ ဦးနှင့် သေဆုံးသူစုစုပေါင်း ၁၉,၄၉၀ ဦးရှိ။
Add new comment