ဗဟိုအဆင့်မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ် (Software) အသုံးပြုနည်းသင်တန်းဖွင့်ပွဲကျင်းပ

         ဗဟိုအဆင့်မဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲမှုစနစ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲကို ဇန်နဝါရီလ ၁၆ ရက်တွင် အမှတ် (၃) စစ်ကြောရေးနှင့်တည်းခိုရေးတပ်ရှိ ဆင်ဖြူရှင်ခန်းမ၌ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ပါမောက္ခချုပ်နှင့် ပါမောက္ခဆရာ၊ ဆရာမများ၊ နည်းပြများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက-

  • ဗဟိုအဆင့်မဲဆန္ဒရှင်စာရင်းစီမံခန့်ခွဲမှုစနစ်တွင် မြို့နယ်၊ ခရိုင်၊ တိုင်း/ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတို့က သက်ဆိုင်ရာအဆင့်အလိုက် ကိုင်တွယ်အသုံးပြုနိုင်၍ စနစ် မှာလုံခြုံရေး (Cyber Security) အပိုင်းကိုလည်း အလေးထား ဆောင်ရွက်ထားကြောင်း။
  • နိုင်ငံရေးပါတီများ ဥပဒေနှင့်အညီ လွတ်လပ်ပြီး တရားမျှတစွာ ယှဉ်ပြိုင်နိုင်ရေး ထိန်းသိမ်းဆောင်ရွက်ခြင်း၊ မဲစာရင်းများပြုစုခြင်းစသည့်လုပ်ငန်းတာဝန်များကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
  • လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲစာရင်းများ မှန်ကန်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပြီး မဲစာရင်းပြုစုရာတွင် အခြေခံရမည့် လူဦးရေစာရင်းများ မှန်ကန်ရေးအတွက် ကော်မရှင်အဖွဲ့ဝင်များက  မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း။
  • အဆိုပါစနစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သက်ဆိုင်ရာလွှတ်တော်မဲဆန္ဒ နယ်မြေအလိုက် စာရင်းများကြည့်ရှုခြင်း၊ မဲဆန္ဒရှင်အမျိုးအစားအလိုက်၊ မသန်စွမ်းအမျိုးအစားအလိုက်၊ တိုင်းရင်းသားလူမျိုးအလိုက်နှင့် ဇယားပုံစံအမျိုးအစားအလိုက် မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်/ကျေးရွာအုပ်စု မဲရုံများအဆင့်အထိ အသေးစိတ်ကြည့်ရှုနိုင်ခြင်းနှင့် လူစာရင်းထပ်/မထပ် စစ်ဆေးခြင်းစသည့် လုပ်ဆောင်ချက်များကို သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲအဆင့်များက အချိန်နှင့်တစ်ပြေးညီ ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။

အဆိုပါသင်တန်းကို သင်တန်းသား သင်တန်းသူ၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဦးစီးအရာရှိ ၁၅၀ တက်ရောက်ကြပြီး  ဇန်နဝါရီလ ၂၀ ရက်အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၁-၂၀၂၃)

 

  • ဗဟိုအဆင့်မဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲမှုစနစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သက်ဆိုင်ရာလွှတ်တော်မဲဆန္ဒနယ်မြေအလိုက် စာရင်းများကြည့်ရှုခြင်း၊ မဲဆန္ဒရှင်အမျိုးအစားအလိုက်၊ မသန်စွမ်းအမျိုးအစားအလိုက်၊ တိုင်းရင်းသားလူမျိုးအလိုက်နှင့် ဇယားပုံစံအမျိုးအစားအလိုက် မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်/ကျေးရွာအုပ်စုမဲရုံများအဆင့်အထိ အသေးစိတ်ကြည့်ရှုနိုင်ခြင်းနှင့် လူစာရင်းထပ်/မထပ်စစ်ဆေးခြင်းစသည့် လုပ်ဆောင်ချက်များကို သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲအဆင့်များက အချိန်နှင့် တစ်ပြေးညီ ကြီးကြပ်ကွပ်ကဲဆောင်ရွက်နိုင်မည်ဖြစ်။
  • အဆိုပါသင်တန်းဖွင့်ပွဲကို ဇန်နဝါရီလ ၁၆ ရက်တွင် ကျင်းပခဲ့ပြီး  သင်တန်းသား/သင်တန်းသူ၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဦးစီးအရာရှိ ၁၅၀ တက်ရောက်ကြပြီး ဇန်နဝါရီလ ၂၀ ရက်အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်။

Add new comment