ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ ပြန်လည်ထွက်ခွာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ အလုပ်သဘောခရီးစဉ်အဖြစ်ရောက်ရှိနေသည့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei  Techo HUN SEN သည် ဇန်နဝါရီလ ၈ ရက်တွင် နေပြည်တော် လေဆိပ်မှ အထူး လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာသွားခဲ့ပါသည်။

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု  ဝန်ကြီး၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာကမ္ဘောဒီယားနိုင်ငံသံအမတ်ကြီး H.E. Mr. CHHOUK Bunna၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြပါသည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်သည် မြန်မာနိုင်ငံသို့လာရောက်သည့် အလုပ်သဘောခရီးစဉ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခြင်းနှင့် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲ တက်ရောက်ခြင်းများပြုလုပ်ခဲ့ပြီး တွေ့ဆုံပွဲများတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ပါသည်။

  • ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN သည် ဇန်နဝါရီလ ၈ ရက်တွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာသွားခဲ့။
  • တွေ့ဆုံပွဲများတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့။

 

Add new comment