နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇန်နဝါရီလ ၁၆ ရက် နံနက်ပိုင်းတွင် ခရီးစဉ်၌လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ လဟယ်မြို့၊ ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို) ကျောင်းနှင့် ထေရဝါဒဗုဒ္ဓသာသနာပြုသီလရှင်ကျောင်းတို့သို့ သွားရောက်၍ သာသနာတော်ထွန်းကားပြန့်ပွားရေးဆိုင်ရာများ၊ ကလေးငယ်များ ပညာသင်ကြားရေးဆိုင်ရာများနှင့်ပတ်သက်၍ လိုအပ်သည်များကို မေးမြန်းလျှောက်ထားပြီး နဝကမ္မအလှူတော်ငွေများ၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ငွေကျပ်သိန်း ၅၀ တို့ကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းနှင့် ထေရဝါဒဗုဒ္ဓသာသနာပြုသီလရှင်ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်းနှင့် ကျောင်းရေရှည် တည်တံ့ခိုင်မြဲရေး၊ သန့်ရှင်းသာယာမှုရှိစေရေးတို့အတွက် အမြဲမပြတ် ဆောင်ရွက်ပေးနိုင်ရေး နယ်မြေခံတာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီရုပ်မြင်သံကြား ၁၆-၁-၂၀၂၃)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လဟယ်မြို့၊ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းနှင့် ထေရဝါဒဗုဒ္ဓသာသနာပြု သီလရှင်ကျောင်းတို့သို့ သွားရောက်၍ နဝကမ္မအလှူတော်ငွေများ၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို) ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ငွေ ကျပ်သိန်း ၅၀ တို့ကို ဆက်ကပ်လှူဒါန်းခဲ့။
Add new comment